သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းတွင် ပါဝင်သည့် ဘာသာရပ်တစ်ခုဖြစ်သော ရပ်ရွာလူထုအခြေပြု သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို သင်တန်းသား သင်တန်းသူများ သိရှိနားလည်သဘောပေါက်စေရန် ကွင်းဆင်းလေ့လာခြင်း

22 Pic 01 22 Pic 02 22 Pic 03 22 Pic 04 22 Pic 05 22 Pic 06 22 Pic 07 22 Pic 08 22 Pic 09
=================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းတွင် တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူ (၅၀) ဦးအား (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် အဆိုပါသင်တန်း၏ ဘာသာရပ်တစ်ခုဖြစ်သော ရပ်ရွာလူထုအခြေပြု သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်စေရန်အတွက် မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်အုပ်စု၊ လွယ်ဆောင်ကျေးရွာသို့ ကွင်းဆင်းလေ့လာပြီး ဘေးအန္တရာယ်ပြမြေပုံရေးဆွဲခြင်း၊ အားနည်းချက်များ၊ အားသာချက်များ ဖော်ထုတ်ခြင်း၊ ပြန်လည်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ညနေ (၁၆း၃၀) နာရီအချိန်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် အုပ်ချုပ်ရေးမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခြင်း၊ အုပ်စုအလိုက် ဆုရရှိသူများအား ဆုချီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events