
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၈)ရက်နေ့ (၁၀း၀၀)အချိန်မှ(၁၁း၃၀)အချိန်ထိ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးမူလွန် ကျောင်း၌ ကျောင်းသား/သူ အင်အား(၂၅) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ များဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ar
#chn_dec2018
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)