

=================================================
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအချိန်ထိ ဟားခါးမြို့နယ် သီဖူလ်းကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူ အင်အား (၃၅) ဦးတို့အား ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျေးရွာအတွင်း ချိတ်ဆွဲနိုင်ရေးအတွက် ဘေး(၈)မျိုးပါ နံရံကပ်ပိုစတာများကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။