Category Archives: News
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခန္တီးခရိုင် ဦးစီးမှူးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂၅-၁၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၈) လုံးအတွက် တစ်တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၄၀,၀၀၀)ကျပ်နှင့် ပြောင်းရွေ့အိမ် (၁)လုံးအတွက် (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၃၄၀,၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #otr #chn_dec2018 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ (၂၄-၁၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၅) လုံးအတွက် တစ်တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၅၀,၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #otr #chn_dec2018 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ အင်းဘုတ်ကုန်း ကျေးရွာအုပ်စု၊ အင်းဘုတ်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ (၂၅-၁၂-၂၀၁၈)ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်း တို့ပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #bgo_dec2018 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခနံခွဲမှုဦးစီးဌာန ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ မြို့မမြို့ကုန်း ရပ်ကွက်၌ (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး ပျက်စီးခဲ့ရာ (၁) အိမ်ထောင်စာ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၂၅-၁၂-၂၀၁၈) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ထောက်ပံ့ခဲ့ ကြောင်း သိရှိရပါသည်။ #ha_fir #sgg_dec2018 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၇-၁၂-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှူကြောင့် ကမ်းပါးပြိုပြောင်းရွှေအိမ်ထောင်စု (၁) စုတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ (၁) သိန်းကျပ် ၊ လူဦးရေ (၇) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ (၁၄၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၅ – ၁၂ – ၂၀၁၈) ရက်နေ့၊ နေ့လည် (၁၁း၀၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မီမီထွန်းနှင့်အဖွဲ့သည် (၂၄.၁၂.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ကလေးဝမြို့နယ်၊ ပျဉ်းကိုင်း ကျွေးရွာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း(၁၂၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ငလျင်နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_dec2018 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာ၌ (၂၄-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြို ဘေးသင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၁,၀၀၀) ကျပ်၊(၂) အိမ်ထောင်စာအတွက် (၁၈,၅၁၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀မျိုး) စီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၂၂၁,၀၀၀) ကျပ်တို့ကို ( ၂၄-၁၂ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၁၈) ရက်နေ့၊ နေ့လယ် (၀၁း၃၀) နာရီမှ (၀၃း၃၀) နာရီအထိ စစ်တွေမြို့၊ ကျက်တောပြင်ကျေးရွာ၊ ကျေးရွာခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ကျေးရွာသူ/သား (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား ဘေး (၈) မျိုးပါလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် အချိုရေများ ဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) ဖွင့်ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် မြဝတီမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လူမှုကယ်ဆယ် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများသို့ သွားရောက်အားပေး
==================================================== ဒီဇင်ဘာ ၂၃ ၊ ရန်ကုန်—————- ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၃-၁၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများသို့ ရောက်ရှိပြီး သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့ရောက်ရှိရာ သင်တန်း ကျောင်းအုပ်က သင်တန်းနှင့်ပတ်သက်ပြီး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ရာ လက်ရှိတွင် ဤသင်တန်းကျောင်းမျိုးသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသာ ရှိသေးပြီး အကန့်အသတ်ဖြင့် လက်ခံသင်ကြားနေရသည်ကို သိရှိရကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်အင်္ဂါ မသန်စွမ်းသူ များစွာရှိကြောင်း၊ မသန်စွမ်းများ၏ အခွင့်အရေးများကို … Read more









