လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် မြဝတီမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လူမှုကယ်ဆယ် ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း လူဦးရေ (၃၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၂-၁၂-၂၀၁၈) ရက်နေ့မှ (၂၄-၁၂-၂၀၁၈) ရက်နေ့အထိဖြစ်ပြီး အဆိုပါသင်တန်း၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဘေးအန္တရာယ်လျော့ပါးရေးနှင့် ပတ်သက်သည့် သင်ခန်းစာများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်ခန်းစာများကိုလည်းကောင်း၊ အသိပညာပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_dec2018