လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ (၂၄-၁၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၅) လုံးအတွက် တစ်တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၅၀,၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#otr
#chn_dec2018
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)