လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခနံခွဲမှုဦးစီးဌာန ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ မြို့မမြို့ကုန်း ရပ်ကွက်၌ (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး ပျက်စီးခဲ့ရာ (၁) အိမ်ထောင်စာ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၂၅-၁၂-၂၀၁၈) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ထောက်ပံ့ခဲ့ ကြောင်း သိရှိရပါသည်။
#ha_fir
#sgg_dec2018
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)