Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၃-၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီဦးတိုကျေးရွာ အုပ်စု၊ ကျော်နုကျေးရွာတွင် ကျေးရွာပြည်သူ (၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ် (၄) ရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ် (၄) ရပ်ကွက်၌ (၁၂-၁-၂၀၁၈) ရက်နေ့၊ (၂၀း၅၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးအား (၁၃-၁-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_fir #tny_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ (၁၃-၁-၂၀၁၉)ရက်နေ့၊ (၁၁:၀၀) နာဲရီအချိန်တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံ ကုန်းကျေးရွာအုပ်စု၊ မဲဇလီကျေးရွာတွင် ကျေးရွာပြည်သူ (၇၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင် ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး၊ နားမကြားသောကလေးများကျောင်းအတွက် အလှူငွေလက်ခံခြင်းနှင့် တံတားဦးမြို့နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
မန္တလေး၊ ဇန်နဝါရီ ၁၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး သည် မန္တလေးမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းရှိ သင်တန်းသား များအား တွေ့ဆုံအားပေးခြင်း၊ နားမကြားသောကလေးများကျောင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခြင်း နှင့် တံတာဦးမြို့နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မန္တလေးပြန်လည် ထူထောင်ရေးစခန်းသို့ရောက်ရှိကြရာ တာဝန်ရှိတစ်ဦးက စခန်း၏ ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို တင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းရှိ သင်တန်းသားများအားတွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးသင်တန်းများပိုမိုထိရောက်အကျိုးရှိစေရန် … Read more
-
စက်လှေနစ်မြုပ်သေဆုံးသူ (၁) ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံပေးနေမှုသတင်း
(၈-၁-၂၀၁၉)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်နေ ဦးစံကြည်၏ သက်ဖြိုးစံ-၄ ငါးဖမ်းစက်လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သည့် ခမောက်မော်ကျေးရွာနေ ဦးထွန်းအောင် (၆၃)နှစ်အတွက် ကယ်ဆယ်ရေးရန်ပုံငွေ ငွေကျပ် (၃၀၀၀၀၀ိ/-) အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများရှေ့မှောက်တွင် (၁၃-၁-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ayy_jan2019 Source – ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
စေတုတ္တရာမြို့နယ်တွင်ကမ်းပြိုဘေးထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စေတုတ္တရာမြို့နယ်၊ ကျန်စိမ့်ကျေးရွာတွင် (၂၁-၁၂-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၄,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၅၄၄,၁၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၅)စုစာတို့အား (၁၁-၁-၂၀၁၉)ရက်နေ့ (၁၂း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ #ha _rbe #mgy_jan2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးစစ်ကိုင်းတိုင်းဒေသကြီးအတွင်းမိခင်ဝိုင်းများဖွင့်လှစ်ခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုထောက်ပံ့ခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များတွင် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း ၊ ဝန်ကြီးဌာနကတာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ်၊ ရွှေဂူကြီးဘုရားဓမ္မရုံ၌ ကျင်းပသော မြင်းမူမြို့နယ်အတွင်းရှိသက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့်မိခင်ဝိုင်းများအားထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသောအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းများအတွက် ထောက်ပံ့ငွေများကိုလက်ဝယ်အရောက်ပေးအပ်ခြင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များဝေငှခြင်းများဆောင်ရွက်ခဲ့ပါသည်။အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား (၆၆၆)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၉,၉၈၀,၀၀၀) – တစ်ရာကိုးဆယ့် ကိုးသိန်းရှစ်သောင်း၊ မသန်စွမ်း (၂၇၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈,၂၈၀,၀၀၀) – … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ (အ.ထ.က)ရင်းငြိမ်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၄၆၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထို့နောက် ကျောင်းအတွင်း နံရံကပ်ပိုစတာများ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၉) ရက်နေ့တွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ရာ လူဦးရေ (၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2019
-
မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Church World Services Myanmar (CWS) မှဝန်ထမ်းများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂတ်ကျေးရွာအုပ်စု၊ အင်းမစုကျေးရွာ၌ (၁၀-၁-၂၀၁၉) ရက်နေ့တွင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာများအား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #ar_fld #ar_str #ayy_jan2019









