
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၃-၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီဦးတိုကျေးရွာ အုပ်စု၊ ကျော်နုကျေးရွာတွင် ကျေးရွာပြည်သူ (၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jan2019
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)