စက်လှေနစ်မြုပ်သေဆုံးသူ (၁) ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံပေးနေမှုသတင်း

 

13 Pic_01

(၈-၁-၂၀၁၉)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်နေ ဦးစံကြည်၏ သက်ဖြိုးစံ-၄ ငါးဖမ်းစက်လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သည့် ခမောက်မော်ကျေးရွာနေ ဦးထွန်းအောင် (၆၃)နှစ်အတွက် ကယ်ဆယ်ရေးရန်ပုံငွေ ငွေကျပ် (၃၀၀၀၀၀ိ/-) အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများရှေ့မှောက်တွင် (၁၃-၁-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_otr
#ayy_jan2019

Source – ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events