Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ကိုယ်စားလှယ်များ၊ အရံမီးသတ်၊ မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၈-၁-၂၀၁၉) မှ (၃၀-၁-၂၀၁၉) ရက်နေ့အထိ သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်များအတွင်း လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဇန်နဝါရီ ၂၇၊ သံတွဲ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ရောက်ရှိနေသော ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများ လိုက်ပါလျက် သံတွဲမြို့မှ တောင်ကုတ်မြို့သို့သွားရောက်ပြီး သံတွဲမြို့၊ ဗောဓျာရာမ ကျောင်းတိုက် ရှိ ဆရာတော်ကြီးများအားဖူးမျှော်၍ သင်္ကန်းနှင့်အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် မြို့နယ်ခန်းမ၌ တောင်ကုတ်မြို့နယ် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင်(၂၆-၁-၂၀၁၉) ရက်နေ့ (၀၈:၀၀) နာရီအချိန်၌ မီးလောင်မှုကြောင့် လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂,၆၀၀) ကျပ်၊ စုစုပေါင်း (၁၁၂,၆၀၀) ကျပ်နှင့် အိမ်ထောင်စု (၁)စုစာ ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုးတို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၇-၁-၂၀၁၉) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁.၁၉)ရက်နေ့ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းလမု ကျေးရွာ မီးဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ မီးလောင် ကျွမ်းနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်း၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ဘိုး (၁၀,၅၀၀) ကျပ်တို့အား (၂၇.၁.၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ #ha_fir #tny_jan2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၆-၁-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့၊ (၇)ရပ်ကွက် (၁၁) လမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းအတွက်အိမ်ခြေ(၃)၊အိမ်ထောင်စု (၃) စုမှ လူဦးရေ(၁၆) ဦး မီးဘေးသင့် ခဲ့ခြင်းအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (ပလပ်စတစ်ပုံးပါ) (၃) ပုံးကိုအိမ်ထောင်စု(၃)စုအားမီးဘေးဖြစ်ပွားရာနေရာတွင် (၂၆-၁-၂၀၁၉) ရက်နေ့ ညနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ခင်ဘို၊မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ #ha_fir #ayy_jan2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၆-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပင်းတယမြို့နယ်၊ ကျုံးကျေးရွာ အုပ်စု၊ ကျုံးမွေတော်ဘုန်းကြီးကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကူးကော်ကျေးရွာအုပ်စု ချုပ်ချက် ဘုန်းတော်ကြီး ကျောင်း၌လည်းကောင်း မိုးခေါင်ရေရှားဘေးအပါအဝင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ နံနက်ပိုင်းတွင် (၁၇၀) ဦးတက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် (၇၀) ဦး စုစုပေါင်း (၂၄၀) ဦး တက်ရောက် ခဲ့ပါကြောင်း သိရှိရ ပါသည်။ #ar #shn_jan2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သံတွဲခရိုင်အတွင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
သံတွဲ၊ ဇန်နဝါရီ ၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့နှင့် ဂွမြို့နယ်အတွင်း လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် သံတွဲခရိုင်၊ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသော ကျိန္တလီမြို့အတွင်းရှိ ကိုယ်အားကိုယ်ကိုးမူလတန်းကြို ကျောင်း၊ လူမှုရေးအသင်းအဖွဲ့နှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျိန္တလီမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၇၀၀,၀၀၀) – … Read more
-
မုန်တိုင်းဒီရေ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA) တို့ပူးပေါင်း၍ (၂၆.၁.၂၀၁၉) နေ့တွင် (၁၂:၀၀) မှ (၁၃:၀၀) အထိ ကျောက်ဖြူမြို့နယ်၊သဲချောင်းကျေးရွာအုပ်စု၊ကာပီချောင်းကျေးရွာ၌ မုန်တိုင်းဒီရေသဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးဌာမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းမှတာဝန်ရှိသူများ၊ကာပီချောင်းကျေးရွာမှ ရွာသူ/ရွာသားများနှင့် ဆရာ/ဆရာမများ၊ကျောင်းသူကျောင်းသားများ စုစုပေါင်း (၂၅၀) ဦးခန့် ပါဝင်ခဲ့ကြပါသည်။၎င်းနောက် မုန်တိုင်းသဏ္လာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများမှ သဘာဝဘေးနှင့် … Read more
-
မီးဘေးသင့်နေအိမ်ရှိ ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ သာယာအေးကျေးရွာ၌ (၂၄-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၃) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၅) ပြည်၊ (၆) ဘူးတို့အား (၂၆-၁-၂၀၁၉) ရက်နေ့၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင် ကျေးရွာအုပ်စု၊ ညောင်နီပင်ကျေးရွာ၌ (၂၅-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား၊ ကျောင်းသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #Bgo_jan2019









