မုန်တိုင်းဒီရေ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

27_Pic_01 27_Pic_02 27_Pic_03

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA) တို့ပူးပေါင်း၍ (၂၆.၁.၂၀၁၉) နေ့တွင် (၁၂:၀၀) မှ (၁၃:၀၀) အထိ ကျောက်ဖြူမြို့နယ်၊သဲချောင်းကျေးရွာအုပ်စု၊ကာပီချောင်းကျေးရွာ၌ မုန်တိုင်းဒီရေသဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးဌာမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းမှတာဝန်ရှိသူများ၊ကာပီချောင်းကျေးရွာမှ ရွာသူ/ရွာသားများနှင့် ဆရာ/ဆရာမများ၊ကျောင်းသူကျောင်းသားများ စုစုပေါင်း (၂၅၀) ဦးခန့် ပါဝင်ခဲ့ကြပါသည်။၎င်းနောက် မုန်တိုင်းသဏ္လာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများမှ သဘာဝဘေးနှင့် ပတ်သက်သော အသိပညာများ တိုးပွားလာစေရန် ဆောင်ရန်၊ ရှောင်ရန်များကို ဟောပြောခဲ့ပြီး ခေါက်ဆွဲခြောက်များ၊မုန့်များနှင့်ရေသန့်ဗူးများနှင့် လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသော ဒေသများတွင် ဘေးန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များ ထိခိုက်မှုသက်သာစေမည် ဖြစ်ပါသဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဟောပြောပွဲများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

#simex_str_ar

#rke_jan2019

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events