သံတွဲ၊ ဇန်နဝါရီ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့နှင့် ဂွမြို့နယ်အတွင်း လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် သံတွဲခရိုင်၊ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသော ကျိန္တလီမြို့အတွင်းရှိ ကိုယ်အားကိုယ်ကိုးမူလတန်းကြို ကျောင်း၊ လူမှုရေးအသင်းအဖွဲ့နှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျိန္တလီမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၇၀၀,၀၀၀) – ခုနှစ်သိန်း၊ မြတ်ပါရမီ လူမှုရေးအသင်းအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)- သုံးသိန်းကျပ်နှင့် မိခင်ဝိုင်း (၂)ဝိုင်းဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁,၈၁၈,၁၀၀) – ဆယ့်ရှစ်သိန်း တစ်သောင်း ရှစ်ထောင့်တစ်ရာတို့ကို အသီးသီးထောက်ပံ့ပေးခြင်း၊ ကလေးငယ်များအတွက် ကစားစရာနှင့် အာဟာရမုန့်များ ပေးဝေခြင်းများဆောင်ရွက်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံတွဲခရိုင်၊ ဂွမြို့သို့ သွားရောက်ပြီး အောင်မင်္ဂလာ ခန်းမ၌ကျင်းပသော ဂွမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများမှ ကလေးငယ်များနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေး တစ်ကိုယ်ရည်သုံးပစ္စည်း များထောက်ပံ့ခြင်း၊ လူမှုရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ခြင်းနှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန် အတွက် ထောက်ပံ့ပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြော ကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွက် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ လာရောက် ဆောင်ရွက် ပေးသည့်အတွက် နှုတ်ခွန်းဆက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဂွမြို့နယ်အတွင်းရှိ ဘဝအားမာန်လူမှုရေးအသင်းအဖွဲ့၊ ကြည်သာအေးပညာရေး ဖေါင်ဒေးရှင်း၊ ထာဝရမေတ္တာနာရေးကူညီမှု အသင်း၊ လင်းရောင်ခြည်လူမှုကူညီရေးအသင်း၊ မြင့်မြတ်စေတနာ လူမှုကူညီရေးအသင်း၊ ချမ်းမြေ့မေတ္တာ လူမှုကူညီရေးအသင်း၊ စံစေတနာ လူမှုကူညီရေးအသင်း၊ ရက္ခိတလူမှုနာရေးအသင်း၊ ကင်းရုံးလူငယ်သာရေး ၊ နာရေး၊ ပရဟိတအသင်း၊ မေတ္တာပါရမီ လူမှုကူညီရေးအသင်း၊ ကြွေချိုင်နာရေးကူညီမှုအသင်း၊ ဇွဲမာန်လူမှု နာရေးကူညီမှုအသင်းနှင့် မြင့်မြတ်ဖြူစင်လူမှုနာရေးကူညီမှုအသင်းတို့ အတွက် တစ်သင်းလျှင် ထောက်ပံ့ငွ ေကျပ် (၃၀၀,၀၀၀)- သုံးသိန်းစီ၊ မိခင်ဝိုင်း(၅)ဝိုင်းဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၃,၀၇၈,၁၀၀) – သိန်းသုံးဆယ် ခုနှစ်သောင်း ရှစ်ထောင့်တစ်ရာနှင့် မူကြိုကျောင်းများမှ ကလေးငယ်များနှင့် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၆,၄၈၀)ဦးအတွက် ငွေကျပ်သိန်း (၁၀၀) တန်ဘိုးရှိ ကျန်းမာရေး တစ်ကိုယ်ရည်သုံးပစ္စည်များကို ထောက်ပံပေးအပ်ခြင်းနှင့် ကလေးငယ်များအတွက် ကစားစရာ နှင့် အာဟာရမုန့်များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ခရိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး ဒေါက်တာချမ်းသာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့၍ ဂွမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကလေးငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား များအပါအဝင် ပြည်သူတစ်ရပ်လုံး ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြင့် စည်းလုံး ညီညွှတ်စွာ တစ်နိုင်ငံလုံးသာ တူညီမျှဖွံ့ဖြိုးတိုးတက်ရေးကိုခံစားရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျ နေသေးသော ဒေသများမှစ၍ ဦးစားပေးအနေဖြင့် အားလုံးသာ တူညီမျှ ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရှေးဦးအရွယ်ကလေးသူငယ်များမှစ၍ အလေ့အကျင့်ကောင်းများ ရရှိစေရန် မိခင်ဝိုင်းများဖွင့်လှစ်၍ စနစ်တကျ ပြုစုပေးနိုင်ရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက် ကနဦးထောက်ပံ့ပေးခြင်းကို ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ဦးစားပေး ဆောင်ရွက် ပေးပြီးဖြစ်ရာ ကျန်ရှိနေသေးသည့် မသန်စွမ်းများအတွက်လည်း ဆက်လက်ထောက်ပံ့ပေး မည်ဖြစ်ပါ ကြောင်းနှင့် အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ စိတ်ခံစားမှုများနှင့်လိုအပ်ချက်များကို ပေါ့ပေါ့ တန်တန် သဘောမထားဘဲ အမြဲအလေးထားကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စည်းလုံးညီညွှတ် စွာဖြင့် ပူးပေါင်းပါဝင်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂွမြို့၊ နန္ဒရံသီကင်းရုံး ကျောင်းတိုက်သို့ ရောက်ရှိပြီး တိုက်အုပ်ဆရာတော် ဦးအဂ္ဂစာရအားဖူးမျှော်ပြီး သင်္ကန်းနှင့်အလှူငွေများ ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။ ယနေ့ခရိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့နှင့် ဂွမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး ထောက်ပံ့ငွေကျပ် စုစုပေါင်းမှာ ( ၁၉,၇၉၆,၂၀၀)- တစ်ရာကိုးဆယ့်ခုနှစ်သိန်း ကိုးသောင်း ခြောက်ထောင့် နှစ်ရာ) ဖြစ်ကြောင်း သတင်းရရှိပါ သည်။
#hl1
#rke_jan2019