Category Archives: News
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းစီမံချက်များအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ဇန်နဝါရီလ ၂၉၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်း စီမံချက်များအပေါ်သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါကော်မတီ၏ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မြေပြင်မှာ အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက် နေကြပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာမှရရှိခဲ့တဲ့အတွေ့အကြုံများမှ ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဖော်ထုတ် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်တွင် (၂၇-၁-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇) ဦး မီးဘေးသင့်ခဲ့၍ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄၇၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၄၇၀၀ိ/-) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ရုံးမှတာဝန်ရှိသူများသည် သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်းပိုင်းတွင် (၂၈-၁-၂၀၁၉) ရက်နေ့၌ ဆေးလိပ် သောက်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ တစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) ကျပ်အား (၂၉-၁-၂၀၁၉) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mon_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ နပ္ပတီးကျေးရွာအုပ်စု၊ နပ္ပတီးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ နပ္ပတီးအုပ်စုအတွင်းရှိ ပြည်သူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျေးရွာရှိလူစည်ကားရာနေရာများ၌ အများပြည်သူ ကြည့်ရှု့နိုင်ရန် သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2019
-
ကျောက်တောင်ပြိုကျမှုထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉)ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ တောင်ညိုကျေးရွာအနီး လမ်းခင်းကျောက်ထုတ်လုပ်သည့် ကျောက်တောင်ပြိုကျမှုကြောင့် ဒဏ်ရာရသူ(၁)ဦး အတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)နှင့် သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေ(၉၀၀,၀၀၀/-)အား (၂၉-၁-၂၀၁၉)ရက်နေ့ သွားရောက်ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_lsd #sgg_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁၁း၀၀) နာရီအချိန်ထိ ဒက္ခိဏသီရိမြို့နယ်၊ အ.ထ.က (၁၉) တွင် ကျောင်းသား/သူ (၂၅၀) ဦးတို့အား သဘာဝဘေး အသိပညာများ ဟောပြောပို့ချခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် ရပ်ကွက် အတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၈)ရက်နေ့(၁၄းဝဝ)နာရီအချိန်၌ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု (၁၅၀)ဦးတို့အား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jan2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့ (၇) ရပ်ကွက် (၁၁) လမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ကြောင့် အိမ်ခြေ/အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦး မီးဘေးသင့်ခဲ့၍ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၁၅၀၀) ကျပ်တို့ကို (၂၈-၁-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မီးဘေး သင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉)ရက်နေ့၌ ချောင်းဆုံမြို့နယ်၊ နတ်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု(၅၀)ဦးဖြင့်လည်းကောင်း၊ (၁၃း၀၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ဘိုးနတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု(၅၀)ဦးတို့ကို သဘာဝဘေး အသိပညာများဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019
-
ရခိုင်ပြည်နယ်အပါဝင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မလေးရှားနိုင်ငံ သံအမတ်ကြီးက လာရောက်ဆွေးနွေးမှုသတင်း
ဇန်နဝါရီလ ၂၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မလေးရှားနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံနှင့် လူမှုရေး၊ စီးပွားရေး၊ ခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စများတွင် မလေးရှားနိုင်ငံရှိ INGOအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက် ရေးနှင့် စပ်လျဉ်း၍ စိတ်အားထက်သန်လျက်ရှိကြောင်း ဆွေးနွေးခဲ့ရာ … Read more









