သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ နပ္ပတီးကျေးရွာအုပ်စု၊ နပ္ပတီးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ နပ္ပတီးအုပ်စုအတွင်းရှိ ပြည်သူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျေးရွာရှိလူစည်ကားရာနေရာများ၌ အများပြည်သူ ကြည့်ရှု့နိုင်ရန် သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_jan2019

Sign Up

Upcoming Events