လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ရုံးမှတာဝန်ရှိသူများသည် သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်းပိုင်းတွင် (၂၈-၁-၂၀၁၉) ရက်နေ့၌ ဆေးလိပ် သောက်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ တစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) ကျပ်အား (၂၉-၁-၂၀၁၉) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_jan2019