Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၂-၂၀၁၉) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ကန့်ဘလာကျေးရွာ အုပ်စု၊ ကပျိုကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာ သူ/သား (၁၁၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb2019
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၉)နေ့ (၁၀၀၀)နာရီအချိန်၊ ခန္တီးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းရှိ သင်တန်းသူ (၇၅) ဦး အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မီးဘေးကြောင့် သေဆုံးသွားသည့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မောင်းဒီးကျေးရွာအုပ်စု၊ မောင်းဒီးကျေးရွာနေ ဦးချိုအေးသည် (၂၈-၁-၂၀၁၉) ရက်နေ့၊ (၀၂း၀၀)နာရီတွင် နေအိမ်၌ တစ်ဦးတည်းနေထိုင်စဉ် ဆေးလိပ်သောက်ရာမှ မီးစတင်လောင်ကျွမ်းပြီး သေဆုံးခဲ့ပါသည်။ အဆိုပါမီးလောင် မှုကြောင့် သေဆုံးသွားသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၆-၂-၂၀၁၉) ရက်နေ့တွင် ၎င်း၏ဆွေမျိုးများထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်၊ ကွမ်းသီးတစ်ပင်ကျေးရွာအုပ်စု၊ အရိုးကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ ရပ်ဖများ၊ ကျေးရွာပြည်သူ့စစ်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာမိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများနှင့် ပတ်ဝန်းကျင်ရွာမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်းများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး တက်ရောက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဌပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးအမှာစကားပြောကြား ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံတွင် အမျိုးသမီးများ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်မှုပြုရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို (၃-၇-၁၉၉၆)တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းတို့ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိအစိုးရလက်ထက် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၃) ရပ်ကွက်၊ ကျောင်းလမ်း၊ အိမ်အမှတ် (၁၃၀)၊ ပိုင်ရှင်ဦးအာတူးနေအိမ် အတွင်း၌ (၄-၂-၂၀၁၉) ရက်နေ့၊ (၁ရး၅၅) နာရီအချိန်တွင် ယာယီသွယ်တန်းထားသော ဝါယာကြိုးမှအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၂) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ပဒက်ကွင်းကျေးရွာအုပ်စု၊ ပေပင်ကျေးရွာနေ မန်းရွှေဝင်းစိန် နေအိမ်၌ (၃-၂-၂၀၁၉) ရက်နေ့ (၀၆း၁၅) နာရီအချိန်တွင် ထမင်းအိုးတည်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ခဲ့သည့် ဓနိမိုး၊ ပျဉ်ခင်း၊ ဓနိကာနှစ်ထပ် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၂၁၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာ၌ (၂-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆,၃၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၅-၂-၂၀၁၉)ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ဝဲကျွန်း ကျေးရွာ၌ (၃၁-၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်အား (၅-၂-၂၀၁၉) ရက်နေ့၊ (၁၁း၃၀) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၁း၀၀) နာရီအထိ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဟိုဝမ်ကျေးရွာရှိ ရပ်ရွာပြည်သူ (၁၅၀) ဦးအားလည်းကောင်း၊ (၄-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီမှ (၁၁း၃၀) နာရီအထိ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါဆိုဖျကျေးရွာရှိ ရပ်ရွာပြည်သူ (၉၀) ဦးအားလည်းကောင်း၊ သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများထံ လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။









