
=================================================
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၂-၂-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၁း၀၀) နာရီအထိ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဟိုဝမ်ကျေးရွာရှိ ရပ်ရွာပြည်သူ (၁၅၀) ဦးအားလည်းကောင်း၊
(၄-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီမှ (၁၁း၃၀) နာရီအထိ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါဆိုဖျကျေးရွာရှိ ရပ်ရွာပြည်သူ (၉၀) ဦးအားလည်းကောင်း၊
သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများထံ လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။