
=================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ပဒက်ကွင်းကျေးရွာအုပ်စု၊ ပေပင်ကျေးရွာနေ မန်းရွှေဝင်းစိန် နေအိမ်၌ (၃-၂-၂၀၁၉) ရက်နေ့ (၀၆း၁၅) နာရီအချိန်တွင် ထမင်းအိုးတည်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ခဲ့သည့် ဓနိမိုး၊ ပျဉ်ခင်း၊ ဓနိကာနှစ်ထပ် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၂၁၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)အိမ်ထောင်စုစာအား (၅-၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။