Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉)ရက်နေ့၊ (၀၉း၃၀)နာရီမှ(၁၁း၀၀)နာရီ အချိန်ထိ ဇေယျာသီရိမြို့နယ် ၊ပြည်စံအောင်ရပ်ကွက်တွင် ရပ်ကွက်သူ/ရပ်ကွက်သား (၇၀)ဦးတို့အား သဘာဝဘေး အသိ ပညာများဟောပြောဆောင်ရွက်ခဲ့ပြီး ရပ်ကွက်အတွက်ဗီနိုင်းပိုစတာနှင့် ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့်မုန့်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npe_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့နှင့်ပူးပေါင်း၍ (၂၈-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်း အနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ရခိုင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခြင်း၊ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားခြင်း၊ IOM အဖွဲ့မှ Mr.Konrad Clos မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြား ခဲ့ပါသည်။ … Read more
-
သဘာဝဘေးလျော့ပေါ့ရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ဖွင့်လှစ်သည့် သဘာဝဘေး လျော့ပေါ့ရေး လူငယ်ဆင့်ပွားသင့်တန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဝေါဟာရများ၊ သဘာဝဘေး အန္တရာယ်များအကြောင်း ဟောပြောပို့ချခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား တီရှပ်၊မိုးကာ၊ဦးထုပ်၊ ဓာတ်မီးစသည့် သင်တန်းသုံးပစ္စည်းများကိုဝေငှခဲ့ပြီး သင့်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၃၀)ဦးဖြစ် သင်တန်းကာလမှာ (၂၈-၁-၂၀၁၉)ရက်နေ့မှ (၃၀-၁-၂၀၁၉)ရက်နေ့ထိ (၃)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး #ar #sgg_jan2019
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ကိုယ်စားလှယ်များ၊ အရံမီးသတ်၊ မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၈-၁-၂၀၁၉) မှ (၃၀-၁-၂၀၁၉) ရက်နေ့အထိ သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်များအတွင်း လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဇန်နဝါရီ ၂၇၊ သံတွဲ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ရောက်ရှိနေသော ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများ လိုက်ပါလျက် သံတွဲမြို့မှ တောင်ကုတ်မြို့သို့သွားရောက်ပြီး သံတွဲမြို့၊ ဗောဓျာရာမ ကျောင်းတိုက် ရှိ ဆရာတော်ကြီးများအားဖူးမျှော်၍ သင်္ကန်းနှင့်အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် မြို့နယ်ခန်းမ၌ တောင်ကုတ်မြို့နယ် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင်(၂၆-၁-၂၀၁၉) ရက်နေ့ (၀၈:၀၀) နာရီအချိန်၌ မီးလောင်မှုကြောင့် လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂,၆၀၀) ကျပ်၊ စုစုပေါင်း (၁၁၂,၆၀၀) ကျပ်နှင့် အိမ်ထောင်စု (၁)စုစာ ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုးတို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၇-၁-၂၀၁၉) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁.၁၉)ရက်နေ့ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းလမု ကျေးရွာ မီးဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ မီးလောင် ကျွမ်းနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်း၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ဘိုး (၁၀,၅၀၀) ကျပ်တို့အား (၂၇.၁.၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ #ha_fir #tny_jan2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၆-၁-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့၊ (၇)ရပ်ကွက် (၁၁) လမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းအတွက်အိမ်ခြေ(၃)၊အိမ်ထောင်စု (၃) စုမှ လူဦးရေ(၁၆) ဦး မီးဘေးသင့် ခဲ့ခြင်းအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (ပလပ်စတစ်ပုံးပါ) (၃) ပုံးကိုအိမ်ထောင်စု(၃)စုအားမီးဘေးဖြစ်ပွားရာနေရာတွင် (၂၆-၁-၂၀၁၉) ရက်နေ့ ညနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ခင်ဘို၊မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ #ha_fir #ayy_jan2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၆-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပင်းတယမြို့နယ်၊ ကျုံးကျေးရွာ အုပ်စု၊ ကျုံးမွေတော်ဘုန်းကြီးကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကူးကော်ကျေးရွာအုပ်စု ချုပ်ချက် ဘုန်းတော်ကြီး ကျောင်း၌လည်းကောင်း မိုးခေါင်ရေရှားဘေးအပါအဝင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ နံနက်ပိုင်းတွင် (၁၇၀) ဦးတက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် (၇၀) ဦး စုစုပေါင်း (၂၄၀) ဦး တက်ရောက် ခဲ့ပါကြောင်း သိရှိရ ပါသည်။ #ar #shn_jan2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သံတွဲခရိုင်အတွင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
သံတွဲ၊ ဇန်နဝါရီ ၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့နှင့် ဂွမြို့နယ်အတွင်း လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် သံတွဲခရိုင်၊ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသော ကျိန္တလီမြို့အတွင်းရှိ ကိုယ်အားကိုယ်ကိုးမူလတန်းကြို ကျောင်း၊ လူမှုရေးအသင်းအဖွဲ့နှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျိန္တလီမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၇၀၀,၀၀၀) – … Read more









