ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

7 Pic 01 7 Pic 02
=================================================
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်.စိန်ချယ်လမ်းသွယ်(၆)၌ (၆-၂-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ကြိုတင်ဖျက်သိမ်းခဲ့သည့် နေအိမ်(၂)လုံးရှိ အိမ်ထောင်စု (၂) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၇) ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ (၁၄၇၀၀) ကျပ်တို့အား (၇-၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events