မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

7 Pic_01 7 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ကောင်ရာရပ်ကွက်၌ (၆-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၁) ဦးဘေးသင့်ခဲ့ရာ ဘေးသင့် (သွပ်မိုး၊ပျဉ်ထောင်၊ကွန်ကရစ်ခင်း) နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ (သက်ကယ်မိုး၊ထရံကာ၊ဝါးကြမ်းခင်း) နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ်နှင့် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စုစာအား (၇-၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#kcn_feb2019

 

Sign Up

Upcoming Events