Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ပရဟိတဂေဟာများကို ထောက်ပံ့ခြင်းများဆောင်ရွက်
============================================ ဖေဖော်ဝါရီ ၁၀၊ အမ်း————– ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် အမ်းမြို့အတွင်း မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပရဟိတဂေဟာများကို ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ (၁၀-၂-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် အမ်းမြို့၊ ရွှေအမ်း တောင်ခန်းမ၌ကျင်းပသော ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက တည်ငြိမ်အေးချမ်းရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးသည် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့်အတွက် နိုင်ငံတော်အစိုးရက … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားလျက်သော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအား တတိယအကြိမ် ထောက်ပံ့မှုပေးအပ်
ဖေဖော်ဝါရီ ၁၀၊ အမ်း ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းက ော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားလျက်သော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွားများကြောင့် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေရခြင်းများ ဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲရှောင်များအတွက် နိုင်ငံတော် အစိုးရက ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိပါသည်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ်မှစတင်၍ (၂)ပတ်စာ ဆန်ရိက္ခာဘိုးငွေများကို ပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးမှုများကြုံတွေ့နေရသည့် မော်လမြိုင်မြို့၊ လှိုင်နယ်မြေ၊ အုတ်ဖိုလမ်းနေ ပြည်သူများအတွက် အဝီစိတွင်း (၁) တွင်း၊ ရေစုပ်စက်နှင့် အုတ်ရေကန် (၁) လုံး ဆောင်ရွက်ရန် ထောက်ပံ့ငွေ (၂,၁၆၀,၀၀၀ိ/-) ကျပ်နှင့် မော်လမြိုင်မြို့နယ် ကော့စိန်ကျေးရွာ၊ ရွာဟောင်းလမ်း နေ ပြည်သူများအတွက် လက်တူးရေတွင်း (၁) တွင်း တူးဖော်ရန် ထောက်ပံ့ငွေ (၁,၅၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း(၃,၇၁၀,၀၀၀ိ/-) ကျပ်တိတိအား (၉-၂ -၂၀၁၉) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၉) ရက်နေ့ တွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပင်းတယမြို့နယ်၊ ထွယ်သန်း ကျေးရွာအုပ်စု၊ ပြင်သာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ရာ တက်ရောက်လူဦးရေ (၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များ အတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့မှုများပေးအပ်
ဖေဖော်ဝါရီ ၉၊ မအီ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များ အတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့မှု ပေးအပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာန တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိကြရာ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်၌ ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ကျင်းပသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့်မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၌ (၈-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁) ဦးလျှင် (၂,၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ( ၁၀,၅၀၀/-) ကျပ်နှင့် ပလတ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အာရှနှင့်အမေရိကနိုင်ငံများဆိုင်ရာအဖွဲ့ ဒုတိယအတွင်းရေးမှူး ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးတို့က သီးခြားစီ လာရောက်တွေ့ဆုံ
ဖေဖော်ဝါရီ ၈ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အာရှနှင့်အမေရိကနိုင်ငံများဆိုင်ရာအဖွဲ့ ဒုတိယအတွင်းရေးမှူး Mr. Ben King ဦးဆောင်သောအဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E Mr. Scot Marciel တို့က ယမန်နေ့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီး လာရောက်တွေ့ဆုံခဲ့ပါသည်။ အာရှနှင့်အမေရိကနိုင်ငံများဆိုင်ရာအဖွဲ့ ဒုတိယအတွင်းရေးမှူးနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းဆောင်ရွက်ချက်များ၊ လူကုန်ကူးတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ ကလေးသူငယ် အခွင့်အရေးများအတွက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇီးကုန်းမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၈-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ စပါယ်မြှောင်ကျေးရွာအုပ်စု၊ တောင်ရေကန် ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာပြည်သူ့စစ်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ၊ ပတ်ဝန်းကျင်ရွာမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများ၊ စုစုပေါင်းလူဦးရေ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၂-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာ၊ ဘုန်းကြီးကျောင်း (ဓမ္မာရုံ) ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားပြီးနောက် နံရံကပ်ပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၆-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄) လုံးမှ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ပလတ်စတစ်ဖျာ-၄ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၅၇၀၀) ကျပ်ကို (၇-၂ … Read more









