လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးမှုများကြုံတွေ့နေရသည့် မော်လမြိုင်မြို့၊ လှိုင်နယ်မြေ၊ အုတ်ဖိုလမ်းနေ ပြည်သူများအတွက် အဝီစိတွင်း (၁) တွင်း၊ ရေစုပ်စက်နှင့် အုတ်ရေကန် (၁) လုံး ဆောင်ရွက်ရန် ထောက်ပံ့ငွေ (၂,၁၆၀,၀၀၀ိ/-) ကျပ်နှင့် မော်လမြိုင်မြို့နယ် ကော့စိန်ကျေးရွာ၊ ရွာဟောင်းလမ်း နေ ပြည်သူများအတွက် လက်တူးရေတွင်း (၁) တွင်း တူးဖော်ရန် ထောက်ပံ့ငွေ (၁,၅၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း(၃,၇၁၀,၀၀၀ိ/-) ကျပ်တိတိအား (၉-၂ -၂၀၁၉) ရက်နေ့တွင် ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#mon_feb2019