Category Archives: News
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅) အုပ်စု၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁၀၀) လုံး၊ ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁၀၀) စုနှင့် ထိခိုက်ဒဏ်ရာရပြည်သူ (၁) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၀၀) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာနှင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၂၀၀,၀၀၀/-) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာအုပ်စု၊ တန်းဆိပ်(ဘင်္ဂလီ)ကျေးရွာ၌ (၈-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၈)ပြည်(၆)ဗူးတို့အားလည်းကောင်း၊ မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအုပ်စု၊ လက်မ(ဘင်္ဂလီ)ကျေးရွာ၌ (၁၃-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ(၄)ဦးအတွက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်မှ (၁၆း၀၀) နာရီအချိန်ထိ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာအုပ်စု၊ ဝါးရုံခုံရွာ၌ ကျေးရွာသူ/သား (၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ ဟောပြောပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Asia Philanthropy Circle (APC) လူမှုရေးအသင်းမှ ကိုယ်စားလှယ်များလာရောက်တွေ့ဆုံ
================================================= နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈———————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UEHRD ပြည်ထောင်စုစီမံကိန်း ၏ International Relations Task Force နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော Asia Philanthropy Circle (APC)လူမှုရေးအသင်းမှ ကိုယ်စားလှယ်များက (၁၈-၂-၂၀၁၉) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် UEHRD ၏ International Relations Task Force က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသခံပြည်သူများ … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ဒီးမော့ ဆိုမြို့နယ် ၊ ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ ရပ်ရွာပြည်သူ (၈၀) ဦးအား (၁၆-၂-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ ပညာရေးကောလိပ်ရှိ ကျောင်းသား/ ကျောင်းသူ (၄၂၀) ဦးအား (၁၈-၂-၂၀၁၉) ရက်နေ့တွင်လည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_feb2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ လက်ပံဆိပ် ကျေးရွာအုပ်စု၊ လက်ပံဆိပ်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာပြည်သူလူထု (၈၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့် ထုပ်များ၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ရေဘေးအသိပညာပေး Vinyl ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_feb2019
-
ဓာတ်လိုက်သေဆုံးသူ၏မိသားစုဝင်အားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်တွင် စစ်တွေမြို့၊ လမ္မတော်တောင်ရပ်ကွက်၊ ရဲကျော်သူကျောင်းရှေ့လမ်းသွယ်၌ ဓာတ်မီးတိုင်ကြိုးပြတ်တောက်ရာမှ ဓာတ်လိုက် မှုဖြစ်ပွားခဲ့၍ အသက် (၁၂) နှစ်အရွယ် မောင်အောင်နေစိုးမှာ ဓာတ်လိုက်သေဆုံးခဲ့ပါသည်။ အဆိုပါဘေးသင့် သေဆုံးသူအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၈-၂-၂၀၁၉) ရက်နေ့တွင် သေဆုံးသူ၏ ဖခင်ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_feb2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
တပ်ကုန်းမြို့နယ်၊ သဖန်းချောင်း ကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ သဖန်းချောင်း ကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာ၌ (၁၇-၂-၂၀၁၉) ရက်နေ့၊ (၁ရး၂၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-) ကျပ်တို့အား (၁၈-၂-၂၀၁၉) ရက်နေ့၊ (၁၄း၂၀) နာရီအချိန်တွင် … Read more
-
မီးဘေးသင့်ဘုန်းကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာ၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ရာ ဘေးသင့်ဘုန်းကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၈-၂-၂၀၁၉) ရက်နေ့တွင် ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိ ပါသည်။ #ha_fir #mdy_feb2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင် များနှင့်တွေ့ဆုံ၍ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရန် ကြိုတင်ညှိနှိုင်းခြင်း၊ ပြုလုပ်မည့် လုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း လူဦးရေ (၂၅) ဦးခန့် တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #bgo_feb2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more









