Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ် ကျေးရွာ၌ (၂၃-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၀) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး(ပလပ်စတစ်ပုံးအပါ) တို့အား (၂၇-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၁:၃၀) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာအုပ်စု၊ အင်္ဂနီကျေးရွာ၌ (၂၃-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၆,၈၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးနှင့် ပြင်ပမှ ဝယ်ယူသော ပစ္စည်း(၃)မျိုးအပါ)နှင့် Family Kit … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာအုပ်စု၊ သံဆိပ် (မင်းလမ်း) ကျေးရွာ၌ (၂၁-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးနှင့် ပြင်ပမှဝယ်သူသော ပစ္စည်း (၃) … Read more
-
ဖျာပုံမြို့နယ်ကျေးလက်ပြည်သူတွေ့ဆုံပွဲ၌ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေလုပ်သားအဖွဲ့ဖွံ့ဖြိုးမှု (FDA) အဖွဲ့နှင့် ဖျာပုံမြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၇-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံ၌ ကျေးလက်ပြည်သူတွေ့ဆုံပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ဆောင်ရွက်နေမှုအခြေအနေများ၊ ယခုရာသီ အချိန်တွင် ဖြစ်ပေါ်နေသည့်လေပြင်းဘေးနှင့် မီးဘေးကာကွယ်ရေးများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအားလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲရာ ကျေးရွာသူ/သားစုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ဗီနိုင်း ပိုစတာများဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာအုပ်စု၊ ဘီတွတ်ကျးရွာ၌ (၂၇-၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူူ (၉၅) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကသာခရိုင်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ (၂၅-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်နေအိမ် (၅) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၅) အိမ်ထောင်စုစာအားလည်းကောင်း၊ သစ်ပင်ပိပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာအားလည်းကောင်း၊ ဆေးရုံတက်ဒဏ်ရာရပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ (၈) ခု၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ(၈)ခု၏ ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ဖော်ဆောင်ရန် လက်တွေ့ကျသည့် အစည်းအဝေးဖြစ်သည့်အတွက် အလွန်အရေးကြီး ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များသည် ပြည်သူများ၏ အခွင့်ရေးတို့ကို ညီတူညီမျှရရှိရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် … Read more
-
မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာ အုပ်စု၊ ဂေါ်ဒူကျေးရွာရှိ School Cum Shelter ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပ ပြုလုပ်ခဲ့ရာ အမာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်းလူဦးရေ (၂၀၀) ဦးတက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာနေပြည်သူများအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ Shelter အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်း၊ မီးဘေးအသိပညာ ပေးခြင်း၊ အရေးပေါ်အသက်ကယ်တင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းတိုကို သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက … Read more
-
ပခုက္ကူမြို့နယ်၊ ကျထိုးကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ကျထိုးကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ၌ (၂၅-၂-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၂၆-၂-၂၀၁၉) ရက်နေ့ တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more









