မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

26 Pic_02 26 Pic_0326 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်‌‌ကျေးရွာ အုပ်စု၊ ဂေါ်ဒူ‌ကျေးရွာရှိ School Cum Shelter ၌ မုန်တိုင်‌းသဏ္ဍာန်တူဇာတ်တိုက်‌‌လေ့ကျင့်ခန်‌းအား ကျင်းပ ပြုလုပ်ခဲ့ရာ အမာမြို့အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်‌းမာ‌ရေးဦးစီးဌာန၊ ကြက်‌‌ခြေနီအဖွဲ့၊ ပြန်ကြား‌ရေးနှင်‌့ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကျေးရွာ‌ကော်မတီအဖွဲ့ဝင်များနှင်‌့ ကျေးရွာနေပြည်သူများ စုစုပေါင်းလူဦးရေ (၂၀၀) ဦးတက်‌‌ရောက်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာနေပြည်သူများအား သဘာဝ‌ဘေးအသိပညာ‌ပေး‌ဟော‌ပြောခြင်‌း၊ Shelter အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်း၊ မီး‌ဘေးအသိပညာ ပေးခြင်‌း၊ အ‌ရေး‌ပေါ်အသက်ကယ်တင်‌ခြင်‌းဆိုင်ရာ အသိပညာ‌ပေးခြင်‌းတိုကို သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဟော‌ပြောအသိပညာ‌ပေးခဲ့ကြပြီး လက်ကမ်‌းစာ‌စောင်များနှင့် ပိုစတာများဖြန့်‌ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#simex_str

#ayy_feb2019

Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events