Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၂/၂၀၁၉) မှသင်တန်းသား/သူများ၏ ဆောင်ရွက်နေမှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် (၁၈-၂-၂၀၁၉) ရက်နေ့မှ (၁-၃-၂၀၁၉) ရက်နေ့အထိ တက်ရောက်လျက်ရှိသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၂/၂၀၁၉) မှသင်တန်းသား/သူများသည် နည်းပြများနှင့်အတူ (၂၇-၂-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်အတွင်းရှိ ကညင်ဆည်သို့ သွားရောက်လေ့လာခဲ့ပြီး ကညင်ဆည်အနီး ကျွဲဇင်းကျေးရွာအုပ်စု၊ ကျွဲဇင်း၊ ဉာဏ်တော၊ ကွင်းကောက်ဝ၊ အုံးခွံကျေးရွာများ၌ ကျေးရွာလူထုနှင့်တွေ့ဆုံ၍ သဘာဝဘေးလျော့ပါးရေး အသိပညာဖလှယ် ဆွေးနွေးခြင်း၊ ဟောပြောခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေ စစ်တမ်းကောက်ယူခြင်း တို့ဆောင်ရွက်ခဲ့ကြပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဝေငှခဲ့ပါကြောင်း … Read more
-
တာမြှင့်ရွှေ့ပြောင်းနေအိမ်ရှိပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ ကမ်းနားရပ်ကွက်၌ တာမြှင့်ခြင်းလုပ်ငန်း အားဆောင်ရွက်လျက်ရှိခြင်းကြောင့် (၂၅-၂-၂၀၁၉) ရက်နေ့တွင် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှလူဦးရေ (၁၆) ဦးရွှေ့ပြောင်းခဲ့ရသည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၃,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ( ၃၃၃,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စုစာ၊ care myanmar ပိုက်ဖျာ (၃)ချပ် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောက်နွန်ရှမ်းရွာ၌ (၂၇-၂-၂၀၁၉) ရက်နေ့၊ (၀၄း၅၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀)မျိုး (၁)အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ သင်္ဂနက်ကျေးရွာအုပ်စု၊ သင်္ဂနက်ကျေးရွာ၌ (၂၅-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၄) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၂၂) ပြည်၊ (၆) ဗူးတို့အား (၂၇-၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၂-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်မှ (၁၂း၀၀) နာရီ အချိန်အထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကွန်ပျူတာတက္ကသိုလ်(ဘွဲ့နှင်းသဘင်ခန်းမ)၌ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ပိုစတာများကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၃၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သံတွဲခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီမှ(၁၄း၀၀)နာရီ အထိ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပဒဲဂေါကျေးရွာ မူလတန်းကျောင်းတွင် ကျေးရွာသူ/ကျေးရွာသား (၁၀၀)ဦးခန့်တို့ကို ငလျင်ဘေးအန္တရာယ်/မိုးကြိုးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအားဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke _feb2019
-
ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီတွင် ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၁၅၀)ဦးတို့ကို မိမိတို့ဦးစီးဌာ၏လုပ်ငန်းတာဝန်များ၊ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်အချက်များအားဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနှိုင်းပိုစတာများအားဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar #kcn _feb2019
-
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ SINOTRUK HOWO မော်တော်ယာဉ် အစီး (၂၀) ပေးအပ်လှူဒါန်း
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် များတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ SINOTRUK HOWO မော်တော်ယာဉ်အစီး(၂၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Hong Liang က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အစဉ်တစိုက် အားပေးထောက်ခံလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ သူများပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်များအတွက် ကူညီမှုတစ်ရပ်အနေဖြင့် မော်တော်ယာဉ်အစီး (၂၀)ကို … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှတာဝန်ရှိသူများနှင့် အတူ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်တွင်ဖြစ်ပွားခဲ့သော ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/- ) ကျပ်၊ … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၉:၀၀) အချိန်တွင် ဘောလခဲမြို့နယ်၊ ကယားပိုင်းရပ်ကွက်၊ မြို့မဗဟိုသာသနာပြုကျောင်းဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ရပ်ရွာပြည်သူ (၁၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_feb2019 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)









