သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၂/၂၀၁၉) မှသင်တန်းသား/သူများ၏ ဆောင်ရွက်နေမှုအခြေအနေသတင်း

28 Pic_01 28 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် (၁၈-၂-၂၀၁၉) ရက်နေ့မှ (၁-၃-၂၀၁၉) ရက်နေ့အထိ တက်ရောက်လျက်ရှိသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၂/၂၀၁၉) မှသင်တန်းသား/သူများသည် နည်းပြများနှင့်အတူ (၂၇-၂-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်အတွင်းရှိ ကညင်ဆည်သို့ သွားရောက်လေ့လာခဲ့ပြီး ကညင်ဆည်အနီး ကျွဲဇင်းကျေးရွာအုပ်စု၊ ကျွဲဇင်း၊ ဉာဏ်တော၊ ကွင်းကောက်ဝ၊ အုံးခွံကျေးရွာများ၌ ကျေးရွာလူထုနှင့်တွေ့ဆုံ၍ သဘာဝဘေးလျော့ပါးရေး အသိပညာဖလှယ် ဆွေးနွေးခြင်း၊ ဟောပြောခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေ စစ်တမ်းကောက်ယူခြင်း တို့ဆောင်ရွက်ခဲ့ကြပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဝေငှခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#otr

#ayy_feb2019

Source:         DMTC

 

Sign Up

Upcoming Events