Category Archives: News
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း (၁/၂၀၁၉)ကို (၂၆ – ၂ -၂၀၁၉) ရက်နေ့မှ (၂၈ – ၂ -၂၀၁၉) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပါသည်။ (၂၈ – ၂ -၂၀၁၉) ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။#ar #npw_mar2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု၊ အထက်ကုန်းကျေးရွာတွင်(၂၆-၂-၂၀၁၉) ရက်နေ့နှင့်(၂၇-၂-၂၀၁၉)ရက်နေ့တို့၌ ဖြစ်ပွားသောကမ်းပြိုဘေးသင့်အိမ်ခြေ(၂၀)လုံး၊၎င်းအိမ်ထောင်စု(၂၀)စုရှိလူဦးရေ(၆၄)ဦးတို့ ဘေးသင့်ခဲ့ရာ (၁၈၅၁၀)ကျပ် တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၂၀)အိမ်ထောင်စုကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၃၄,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၃၄,၄၀၀)ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ (၂၀)ချပ်ကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၈-၂-၂၀၁၉)ရက်နေ့တွင် ကြံခင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်အားအသိပညာပေးဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉) ရက်နေ့၊(၁၀:၀၀) နာရီ အချိန်တွင် မော်လမြိုင် ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကျေးရွာအုပ်ချုပ်ရေးမှူးများ လပတ်အစည်းအဝေးတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်အား အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_mar2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၊ ကျေးရွာအုပ်စု(၁၀)စုအတွင်း ဖြစ်ပွားခဲ့သော လေပြင်း ဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၇၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆,၁၀၁,၀၀၀)ကျပ်အား (၂၈-၂-၂၀၁၉)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် နောင်ချိုမြို့နယ်အုပ်ချုပ်ရေး မှူးနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #shn_mar2019 Source: ကျောက်မဲခရိုင်ဦးစီမှူးရုံး(ဘစမ)
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ်ကျေးရွာအုပ်စု၊ စိုင်ဂေါင်းကျေးရွာ၌ (၂၈.၂.၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီ အချိန်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲအား ပေါက်ခေါင်းမြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာသတင်းနှင့် ပညာပေးရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ CSO အဖွဲ့ဝင်များနှင့်အတူ သွားရောက်ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_mar2019 Source – ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ (၂၆-၂-၂၀၁၉)ရက်နေ့၊ ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝန်ထမ်း များ စုပေါင်းသန့်ရှင်းရေးပြုလုပ်စဉ် အမှိုက်မီးရှို့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒဏ်ရာအနာတရ ရရှိခဲ့သည့် (၁၀) ဦးအတွက် ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်း ဖြင့် (၅၀၀,၀၀၀) ကျပ်အား ကျောက်ဖြူပြည်သူ့ဆေးရုံ၌ (၂၈-၂-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #rke_mar2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကာကွယ်ေရးပြည်သူများသို့ပန်ကြားချက် လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာပြည်သူများအား သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးနိုင်ရန် ရည်ရွယ်၍ လေပြင်းဘေးကာကွယ်ေရးပြည်သူများသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ရာအိမ်မှူးများ အားလုံးအတွက် ဟင်္သာတမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းအားဆောင်ရွက်ခဲ့ရာ ရပ်/ကျေးအုပ်ချုပ် ရေးမှူး (၁၂၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_mar2019 Source – ဟသာၤတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟသာၤတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉)ရက်နေ့၊ (၁၂း၀၀) နာရီချိန်တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လစဉ်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာကြသော ရပ်ကျေး/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင် (၆၇၆) စောင်အား ဖြန့်ဝေပေးအပ်ခဲ့ပြီး လူဦးရေ (၆၉) ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_mar2019 Source – ဟသာၤတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးသီးကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် (၁၇-၂-၂၀၁၉)ရက်နေ့ဖြစ်ပွားခဲ့သော မိုးရွာသွန်း၍ မိုးသီးကြွေကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘေးသင့်အိမ်ခြေများအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်းဦးဆောင် ၍ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့သည် (၂၈-၂-၂၀၁၉)ရက်နေ့ (၁၄:ဝဝ) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာသို့သွားရောက်၍ ဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ အိမ်ထောင်စု(၃၄၂)စု၊ လူဦးရေ (၂၀၃၃) ဦးအတွက် (၁)အိမ်ထောင်စုလျှင် သွပ်(၂၀)ချပ်နှုန်းဖြင့် သွပ်စုစုပေါင်း (၆၈၄၀) ချပ် ကို သွားရောက်ထောက်ပံပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_hstr #kcn_mar2019 … Read more
-
လေပြင်းဘေးကာကွယ်ေရးပြည်သူများသို့ပန်ကြားချက် လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာပြည်သူများအား သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးနိုင်ရန် ရည်ရွယ်၍ လေပြင်းဘေးကာကွယ်ေရးပြည်သူများသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ရာအိမ်မှူးများ အားလုံးအတွက် ကျိုက်လတ်မြို့နယ်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းအားဆောင်ရွက်ခဲ့ရာ ရပ်/ကျေးအုပ်ချုပ် ရေးမှူး (၉၃) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_feb2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









