
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟသာၤတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉)ရက်နေ့၊ (၁၂း၀၀) နာရီချိန်တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လစဉ်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာကြသော ရပ်ကျေး/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင် (၆၇၆) စောင်အား ဖြန့်ဝေပေးအပ်ခဲ့ပြီး လူဦးရေ (၆၉) ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ar_sgw
#ayy_mar2019
Source – ဟသာၤတခရိုင်ဦးစီးမှူးရုံး (ဘစမ)