လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာပြည်သူများအား သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးနိုင်ရန် ရည်ရွယ်၍ လေပြင်းဘေးကာကွယ်ေရးပြည်သူများသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ရာအိမ်မှူးများ အားလုံးအတွက် ကျိုက်လတ်မြို့နယ်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းအားဆောင်ရွက်ခဲ့ရာ ရပ်/ကျေးအုပ်ချုပ် ရေးမှူး (၉၃) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_sgw
#ayy_feb2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)