ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

1_Pic_03 1_Pic_04 1_Pic_05

ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု၊ အထက်ကုန်းကျေးရွာတွင်(၂၆-၂-၂၀၁၉) ရက်နေ့နှင့်(၂၇-၂-၂၀၁၉)ရက်နေ့တို့၌ ဖြစ်ပွားသောကမ်းပြိုဘေးသင့်အိမ်ခြေ(၂၀)လုံး၊၎င်းအိမ်ထောင်စု(၂၀)စုရှိလူဦးရေ(၆၄)ဦးတို့ ဘေးသင့်ခဲ့ရာ (၁၈၅၁၀)ကျပ် တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၂၀)အိမ်ထောင်စုကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၃၄,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၃၄,၄၀၀)ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ (၂၀)ချပ်ကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၈-၂-၂၀၁၉)ရက်နေ့တွင် ကြံခင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_rbe

#ayy_mar2019

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events