Category Archives: News
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်သည့် Cyclone Shelter များ တည်ဆောက်ပြီးစီးမှှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်သဇင်ထွန်း (ဦးစီးအရာရှိ) သည် (၂၇-၃-၂၀၁၉) ရက်နေ့တွင် ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မြို့နယ်လုပ်ငန်းကြီးကြပ်မှုအဖွဲ့များနှင့်အတူ ငပု တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ခမောက်မော်ကျေးရွာနှင့် ကံချိုင်ကျေးရွာတို့၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော Cyclone Shelter (၂)လုံး၏ (၅၀%) လုပ်ငန်းပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၉) ရက်နေ့တွင် ပခုက္ကူတက္က္ကသိုလ် မီးပွိုင့်အနီး၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်း ဆိုင်းဘုတ် (၁) ခုနှင့် မြို့သစ်မြို့ရှောင်လမ်းဆုံ၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် (၁) ခုအား အသီးသီးစိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #mgy_mar2019 Source – ပခုက္ကူခရိုင်ဦးစီးမှုးရုံး
-
သောက်သုံးရေများ ဖြန့်ဝေပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါကလော်လဲကျေးရွာသို့ (၂၇.၃.၂၀၁၉) ရက်နေ့တွင် ရေဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် (၁) စီး သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာအဆင့် စီမံချက်မူကြမ်း အတည်ပြုဆွေးနွေးမှုသတင်း
မတ်လ ၂၆၊ နေပြည်တော် လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာအဆင့် စီမံချက်မူကြမ်း အတည်ပြုဆွေးနွေးပွဲ ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များဖြစ်ပေါ်လာစေရန် ပဋိသန္ဓေတည်ချိန်မှ အစပြု၍ သက်ကြီးရွယ်အိုထိ ဘဝဖြစ်စဉ်တစ်လျှောက်လုံးတွင် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ ရသင့်ရထိုက်သောအခွင့်အရေးများကို အပြည့်အဝရရှိရန် လုပ်ငန်းစဉ်များကိုအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို ဦးစားပေးဆောင်ရွက် ခြင်းဖြင့် … Read more
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံတွေ့ဆုံ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ရုံးနှင့် ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရပ်စွန့်ခွာသူများအတွက်မြန်မာနိုင်ငံအစိုးရမှဆာင်ရွက်နေမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်သည့် “ Factsheet” ရေးသားပြုစုနေမှုနာက်ဆုံးအခြေအနေများ၊ အဆိုပါ “Factsheet” အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရာက်ရှိနေသော နေရပ်စွန့်ခွာသူများထံသို့ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပတ်သက်၍ဆောင်ရွက်မည့် အခြေအနေများ၊ ဧပြီလအတွင်းမြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစည်းအဝေးကျင်းပရန် စီစဉ်နေသည့် အခြေအနေများ၊နရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက်ဖာ်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်နပြည်တော်၊ အမရာ ဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပည်ထောင်စု ဝန်ကြီး ဒါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပာကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကပာကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများင့်ပူးပေါင်း၍ ထိထိရောက်ရောက်ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် လူသားတစ်ဦးချင်းစီကို စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များဖစ်ပေါ်လာစေရန် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်ထား၍ မရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်ချိန်မှ အစပြု၍ သက်ကြီးရွယ်အိုထိ လူမှုကာကွယ် စာင့်ရှောက်ရေးလုပ်ငန်းများကိုဆာင်ရွက်ရာတွင် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆာင်ရွက်လျက် လူ့ဂုဏ်သိက္ခာနှင့်ပည့်စုံသော လူ့အသိုက်အဝိုင်းတစ်ခုဖစ်ပေါ်လာရန် … Read more
-
နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်ခံတွေ့ဆုံမှုသတင်း
မတ်လ ၂၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး HE. Mr. Dag- Inge Ulstein ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ဦးစီးဌာန(၃)ခုဖြင့် လူမှုဝန်ထမ်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးုလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များနှင့် နော်ဝေနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကော်မတီ … Read more
-
လေပြင်းဘေးကာကွယ်ရေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ သမိန်ထော ေကျးရွာအုပ်စု၊ သမိန်ထောကုန်းတန်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း နှင့်အတူ ဖျာပုံခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြည်သူ့အသံကြားနာပွဲကျင်းပခဲ့ရာ ဦးစီးဌာနမှ ဆောင်ရွက်နေမှုများနှင့်ယခုအချိန်ဖြစ်ပေါ်နိုင်သည့် လေပြင်းဘေးကာကွယ်ရေးအသိ ပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခဲ့ရာ ကျေးရွာပြည်သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။ #ar_sgw #ayy_mar2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့၊ အမှတ်၅ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၁၂၈) ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန် (၁၈)အိတ် (၁၆) ပြည်၊ ဆီ(၂၂.၄)ပိဿာ၊ ဆား (၄.၄၈)ပိဿာ၊ ပဲ (၈၉.၆)ပိဿာ နှင့် အမှတ် (၅)ရပ်ကွက် ရွှေကျင်ဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၇၃) ဦးအတွက် စားရိက္ခာ (၁၄) ရက်စာ ဆန် (၁၀)အိတ် (၁၅)ပြည် (၄)ဘူး၊ ဆီ (၁၂.၇၇၅) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးခရိုင်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၌ (၂၅-၃-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၈-၃-၂၀၁၉) ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ဧရာရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ #ha_fir … Read more









