ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံတွေ့ဆုံ

29_Pic_03
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine
Burgener အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊
မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ရုံးနှင့် ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော
နေရပ်စွန့်ခွာသူများအတွက်မြန်မာနိုင်ငံအစိုးရမှဆာင်ရွက်နေမှုများနှင့် ပတ်သက်သည့်
သတင်းအချက်အလက်များ ပါဝင်သည့် “ Factsheet” ရေးသားပြုစုနေမှုနာက်ဆုံးအခြေအနေများ၊
အဆိုပါ “Factsheet” အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရာက်ရှိနေသော
နေရပ်စွန့်ခွာသူများထံသို့ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပတ်သက်၍ဆောင်ရွက်မည့် အခြေအနေများ၊
ဧပြီလအတွင်းမြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစည်းအဝေးကျင်းပရန် စီစဉ်နေသည့်
အခြေအနေများ၊နရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ
ပူးပေါင်းဆောင်ရွက်နမှုများနှင့် ASEAN Emergency Response and Assessment Team
(ERAT) မှ ပထမအကြိမ်ကွင်းဆင်းလေ့လာမှုအား မကြာသေးမီကအာင်မြင်စွာ
ဆောင်ရွက်နိုင်ခဲ့မှုများ၊ ရခိုင်ပြည်နယ် အတွင်း လတ်တလောတိုက်ပွဲများကြောင့်
စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ
ပေးအပ်နေမှုများနှင့် ကမာ့္ဘစားနပ်ရိက္ခာအဖွဲ့၊မန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC ၊
IFRC တို့ဖြင့် ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများ
ပိုမိုထိရောက်စွာပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍
ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

#hl_1
#npw_mar2019

Sign Up

Upcoming Events