Category Archives: News
-
ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၉)ရက်နေ့တွင် လေဘေးကြောင့် အမိုးလန်၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာအုပ်စု၊ အင်ကြင်းမြိုင်ကျေးရွာရှိ အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ(၁၂၅၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၂)အိမ်ထောင်စာနှင့် မြိုင်သာယာကျေးရွာ၌ အိမ်ခြေ(၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၁)အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၃)အိမ်ထောင်စာတို့အား (၂-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း (၃၁.၃.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် သွပ်များအမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၇၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး အိမ်ထောင်စု(၇၄)စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၀၀၅,၀၀၀/-)ကျပ်တိတိတို့အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ကလေးဝမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့နှင့်အတူ ကလေးဝမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ (၂.၄.၂၀၁၉)ရက်နေ့ (၁၃းဝဝ)နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံမှတာဝန်ရှိသူများသည် (၂-၄-၂၀၁၉)ရက်နေ့ နံနက် (၀၉:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ မိုင်းယောင်းမြို့နယ်၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်မန်းကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၅၀)ဦး တို့အားလည်းကောင်း (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ နားဖန်းကျေးရွာတွင် ကျေးရွာနေပြည်သု (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲတွင် ဦးစီးဋ္ဌာနလုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၉) ရက်နေ့ (ဝရ:ဝဝ) ချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၁) စံပြဈေးကြီးနှင့် အမှတ်(၂) မဲဘောင်ဈေးတို့၌ ပြည်သူလူထု စုစုပေါင်း (၄၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သော မိုးကြိုးဘေးနှင့် မီးဘေးများ၏ ဆောင်ရန်/ ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစာစောင်များအား ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #krn_apr2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကသာခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် (၁-၄-၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၄)စု အတွက်အိမ်ဆောက်ပစ္စည်းတန်ဖိုး (၄၀၀,၀၀၀)နှင့် လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၃၇,၈၀၀)တို့အား (၂-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁∕၂-၄-၂၀၁၉)ရက်နေ့ များတွင် နွေဦးရာသီအတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ရသော ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ် များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှုလျှော့နည်းရန်အတွက် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းအသိပညာပေးလုပ်ငန်းများအပြင် လေဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်းဆောင်ရွက်ရာတွင် Dry Zone Network မှ CBO ဦးရဲထွဋ်၊ Pakokku CSOs Platform၊ ပုညမုဒိတာ ကျန်းမာရေး ကူညီထောက်ပံ့မှုနှင့် သွေးလှူအသင်း၊ မိတ်ဖက် အဖွဲ့အစည်းများ၊ မကျည်း ပင်ပုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းနှင့်အတူ … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု တူးမြောင်းကျေးရွာ၌ (၂၉-၃- ၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၃) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၁၀၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၃)စုအတွက် ငွေကျပ် (၃၀၀,၀၀၀)၊ လူဦးရေ (၁၉) ဦးအတွက် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလေပြင်းတိုက်ခတ်မှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း၌ (၃၁-၃-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၇၄)လုံးနှင့်ဘာသာရေးကျောင်း(၁)ကျောင်းအမိုးလန်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘာသာရေးကျောင်းအတွက် (၂၇)သိန်း (၅)သောင်းကျော်တန်ဖိုးရှိအိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများအားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက(၂-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်သည့် School Cum Shelter များ သွားရောက်စစ်ဆေးသည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်သဇင်ထွန်း (ဦးစီးအရာရှိ) သည် (၂-၄-၂၀၁၉) ရက်နေ့တွင် သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုအဖွဲ့များနှင့်အတူ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာနှင့် ဘုရားနီကျေးရွာ တို့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော School Cum Shelter (၂)လုံး၏ (၂၅%)လုပ်ငန်းပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၁၉) ရက်နေ့၌ တန့်ဆည်မြို့နယ်၊ ရွာရှည်မြောက်ကျေးရွာအုပ်စု၊ သာဂလကျေးရွာတွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (စက္ကူဘူးပါ) (၆) မျိုးတို့အား (၂-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









