လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု တူးမြောင်းကျေးရွာ၌ (၂၉-၃- ၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၃) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၁၀၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၃)စုအတွက် ငွေကျပ် (၃၀၀,၀၀၀)၊ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၉,၉၀၀)ကျပ် ကယ်ဆယ်ရေးရန်ပုံငွေစုစုပေါင်း(၃၃၉,၉၀၀)ကျပ်တို့အား (၃- ၄- ၂၀၁၉) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။