Category Archives: News
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာမှ လေပြင်းဒဏ်ခံနိုင်ရည်အား နည်းသည့်နေအိမ်၊ အဘိုးအဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီး မိသားစုဝင်များပြားသည့် နေအိမ် (၃၀) လုံးအား ရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန်အတွက် (၃.၄.၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီ အချိန်တွင် ဇရပ်ဆိပ်ကျေးရွာ မူလတန်းကျောင်း ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး ၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ ကျေးရွာပြည်သူ လူထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေး ညှိနှိုင်းခြင်း၊ လက်ကမ်းစာစောင် … Read more
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၃-၄-၂၀၁၉) ရက်နေ့၌ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာ တွင် လေပြင်းဘေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းနှင့် လေဘေးအန္တရာယ် ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေးအတွက် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာစာရေးများ၊ ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar_sgw #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများ ကျရောက်နိုင်သဖြင့် (၃-၄-၂၀၁၉) ရက်နေ့၌ ပင်းတယမြို့နယ်၊ အိုးကုန်းကျေးရွာနှင့် အိမ်ပုကျေးရွာများတွင် လေပြင်းဘေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေး အတွက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာစာရေးများ၊ ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါပြီး ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_sgw #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျက် ရှိသော မြို့သစ်မြို့နယ်၊ လေးတိုင်စင်ကျေးရွာအုပ်စု၊ သားမျှားကျေးရွာရှိ အိမ်ခြေ (၁၁၇)၊ အိမ်ထောင်စု (၁၂၅)၊ လူဦးရေ (၇၃၀) ဦးတို့ကို သောက်သုံးရေဂါလံ (၆၀၀၀) အား (၃-၄-၂၀၁၉) ရက်နေ့ (၀၉:၀၀) အချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ # ha_drg # mgy_apr2019 မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပွယ်ဆေးနှင့်အတူ ကြို့ပင်ကောက်မြို့နယ်၊ ကျခတ္တန်းကျေးရွာအုပ်စု၊ ရှားစီးဘိုကျေးရွာ၌ (၂-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေကျပ် (၁,၂၀၀,၀၀၀)၊ လူဦးရေ(၂၉)ဦး အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၀,၉၀၀)၊ ဒဏ်ရာရရှိသူ (၁)ဦးအတွက်ထောက်ပံ့ငွေကျပ် (၅၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁,၃၁၀,၉၀၀) (ကျပ်တစ်ဆယ်သုံးသိန်းတစ်သောင်းကိုးရာတိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၆)အိမ်ထောင်စုစာတို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ရုံးမှလက်ထောက်ညွှန်ကြားရေးမှူးl ဦးသန်းစိုး-၂ ဦးဆောင် သောအဖွဲ့သည် (၂-၄-၂၀၁၉) ရက်နေ့၊ နံနက် (၁၆:၀၀) နာရီမှ (၁၇:၀၀) နာရီအချိန်ထိ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ) တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအသိပညာ တိုးတက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မြို့နယ်အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ # ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊ စက်တောင်ကျေးရွာတွင် (၁.၄.၂၀၁၉)ရက်နေ့၊ (၂၀း၀၀)နာရီအချိန်၌ လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်(၃)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၃)စု၊ လူဦးရေ စုစုပေါင်း(၁၅)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦး ရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၁,၅၀၀/-)ကျပ်နှင့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀,၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၅၁,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃)အိမ်ထာင်စာတို့အား (၃.၄.၂၀၁၉)ရက်နေ့တွင် သရက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျေးရွာစာရေးလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၁၂)၊ မန်းနားရပ်တွင် (၃၁-၃-၂၀၁၉)ရက်နေ့၌ မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၂,၁၀၀/-)အား (၃-၄-၂၀၁၉)ရက်နေ့ (၀၉း၄၅)အချိန်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_apr2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒဏ်ရာရလူနာများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စု၊ မန်လီကျေးရွာတွင် (၃၀-၃-၂၀၁၉)ရက်နေ့၌ မိုင်းထိမှန်၍ ဒဏ်ရာရရှိသူ(၃)ဦးအား သီပေါမြို့နယ်ဆေးရုံကြီးတွင် (၁-၄-၂၀၁၉) ရက်နေ့၌ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #otr #shn_apr2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၁)၊ ကျောက်တောင်ရပ်တွင် (၃၁-၃-၂၀၁၉)ရက်နေ့ ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀/-)ကျပ်အား (၂-၄-၂၀၁၉)ရက်နေ့ တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိ/မြို့ဖများနှင့်အတူ ပြည်သူများလက် ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_apr2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)









