Category Archives: News
-
မီးဘေးသင့်ပြည်သူများနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့နေမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ကလေးမြို့နယ်၊အောင်မေတ္တာရပ်ကွက်နယ်မြေ(၃/၁၅၅)တွင်ဘုရားမီးပူဇော်ရာမှတဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု(၁)စု လူဦးရေ(၈)ဦးတို့အတွက်ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၆၈၀၀) အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀) ထောက်ပံငွေစုစုပေါင်း (၁၁၆၈၀၀) နှင့်မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မောက်ပုလင်းကျေးရွာအုပ်စု အင်းပေါက်ကျေးရွာရှိ ညောင်ပင်အောက်၌ ကလေးမြို့ အောင်င်္ဂလာရပ်ကွက် တွင် နေထိုင်သူမှ ဈေးရောင်းပြီးအပြန် နားနေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းပိသေဆုံးသူအတွက်ထောက်ပံငွေ (၃၀၀၀၀၀)ကျပ်တို့အား ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌရုံးခန်း၌ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ (၁၆.၄.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir_sgw #sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊အနောက်ရပ်ကွက်၌ (၁၃-၄-၂၀၁၉)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၇)လုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၇)စုမှ လူဦးရေ (၅၁)ဦးမီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၇)စုအား ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု(၇)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-)၊ လူဦးရေ (၅၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၇၁၀၀/-)တို့အား (၁၅-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_fir # rke _apr2019
-
ငဖဲမြို့နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူနှင့် သေဆုံးသူများ၏ မိသားစုများထံသို့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်၊ လိုင်ကျေးရွာအုပ်စု၊ လိုင်ကျေးရွာတွင် (၁၃-၄-၂၀၁၉)ရက်နေ့ (၁၈း၃၀)အချိန်တွင် တောအတွင်းလောင်ကျွမ်းနေသော တောမီးအား ကျေးရွာအတွင်း မီးကူးစက်လောင်ကျွမ်းမှုမရှိစေရေအတွက် ကျေးရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ကြရာ လေတိုက်ခတ်မှုကြောင့် ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ ရွာသားများ ထွက်ပြေးကြစဉ် ကျေးရွာသား(၃)ဦး မီးလောင်ကျွမ်းခဲ့ပြီး၊ (၁)ဦးမှာဒဏ်ရာရရှိခဲ့ပါ၍ သေဆုံးသူ(၃)ဦးအတွက်ထောက်ပံ့ငွေ (၉၀၀၀၀၀/-)နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀/-)တို့အား ဒဏ်ရာရသူနှင့်သေဆုံးသူများ၏ မိသားစုများထံသို့ (၁၅-၄-၂၀၁၉)ရက်နေ့ (၁၄း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၁၉)
မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၁၉) ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်းထုတ်ပြန်ကြေညာထားပါသည်။
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၄.၂၀၁၉)ရက်နေ့ တွင် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ နှင့်အတူ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုကျေးရွာနှင့် ဒေါတဝိကျေးရွာ၊ ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာ အုပ်စု၊ ဒေါတကလဲကျေးရွာ၊ ထီးဗျားညေးကျေးရွာနှင့် ဒေါဗျားကူးကျေးရွာ စုစုပေါင်းကျေးရွာ(၅)ရွာသို့ ဂါလံ(၁၂၅၀)ဆံ့ ရေသယ်ယာဉ် (၃)စီး၊ ဂါလံ(၂၈၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီးစုစုပေါင်း ရေသယ်ယာဉ် (၅)စီးဖြင့် သောက်သုံးရေသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ချောက်မြို့နယ်၊ ရွာသစ်ကျေးရွာ မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၁၉)ရက်နေ့(၁၁း၄၅)အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အုံမြာကြီးကျေးရွာအုပ်စု၊ ရွာသစ်ရွာကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တိုက်အိမ်(၂)လုံး၊ တဲအိမ်(၂)လုံးမီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်အိမ်ခြေ(၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၄)အိမ်ထောင် စာနှင့် ဘေးသင့်လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၉၉၀၀/-)ကျပ်တို့အား (၁၄-၄-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_fir # mgy _apr2019
-
မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် (၁၃-၄-၂၀၁၉)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၃၂)လုံး၊ အိမ်ထောင်စု (၃၂)စု မီးဘေးသင့်ခဲ့ရာ အိမ်ခြေ (၃၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ လူဦးရေ(၁၁၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၂၄၁,၅၀၀/-)ကျပ်တို့အား (၁၃-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါး လျက်ရှိသော ဘုတလင်မြို့နယ်၊ ဇီးတောကျးရွာရှိ အိမ်ခြေ(၁၂၀)၊လူဦးရေ(၅၄၉)ဦးတို့ကို သောက်သုံးရေထောက်ပံ့ ရန် ပြင်ပမှရေသယ်ယာဉ်ဂါလံ (၈၀၀)ဆန့်ဖြင့် (၅)စီးသယ်ယူ၍ ကုန်ကျငွေ(၂၀၀၀၀၀/-)အား ပြည်သူ့လွှတ်တော် ကိုယ်စား၊ မြို့နယ်အုပ်ချုပ်ရေးမှူးတိုးနှင့်အတူ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #sgg_apr2019
-
သောက်သုံးရေများဖြန့်ဝေပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ လိုပူခေါင်းစောင်းကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ထီးသော်တနီးကူးကျေးရွာ၊ ခေါသမောကျေးရွာနှင့် လောခုခူကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု၊ လောလျာခူကျေးရွာ၊ စုစုပေါင်းကျေးရွာ (၅)ရွာသို့ ဂါလံ(၁၂၅၀)ဆံ့ ရေသယ်ယာဉ်(၅)စီးဖြင့် ဖရူဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေများသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ပေါက်တောမြို့နယ်၊ ဘဝမ်းချောင်းဝစုရပ်ကွက်၊ ဘဝမ်းဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလုံလျှက်ရှိသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၆၇) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၆၀၃၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်) တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးမှ (၁၄-၄-၂၀၁၉) ရက်နေ့တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_apr2019









