Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
ပေါက်တောမြို့နယ်၊ ဘဝမ်းချောင်းဝစုရပ်ကွက်၊ ဘဝမ်းဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလုံလျှက်ရှိသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၆၇) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၆၀၃၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်) တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးမှ (၁၄-၄-၂၀၁၉) ရက်နေ့တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_apr2019