Category Archives: News
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉)ရက်နေ့က မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ တရုတ်တန်းရပ်၊ အေးချမ်းဖြူစင်လမ်းသွယ်(၄)တွင် လေဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၈,၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈,၄၀၀)ကျပ်တို့အား (၂၃-၄-၂၀၁၉)နေ့ နေ့လည်(၁၄၃၀)နာရီချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၄-၂၀၁၉)ရက်နေ့က ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးကျေးရွာအုပ်စု၊ (၄)မိုင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၀၀,၀၀၀)ကျပ်အား (၂၃-၄-၂၀၁၉)ရက်နေ့(၁၆၂၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မုန်တိုင်းအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉) ရက်နေ့တွင် တွံတေးမြို့နှင့် ထန်းတပင်မြို့တို့၏ မြို့ဝင်နေရာများတွင် မုန်တိုင်း အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #ygn_apr2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေ လိုအပ်ချက်များအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ဧပြီ၂၃ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နွေရာသီကာလအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသပညာရှင်များမှ ခန့်မှန်းခဲ့ပါသည်။ ၎င်းဖြစ်စဉ်၏ အကျိုးသက်ရောက်မှုသည် မြန်မာနိုင်ငံသို့လည်း ရောက်ရှိနိုင်သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရေရှည်စီမံချက်အဖြစ် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေတွင်းတူးဖော်ခြင်း၊ အုတ်ရေကန်/မြေသား ရေကန်များတည်ဆောက်ပေးခြင်း၊ပြုပြင်ပေးခြင်း၊ရေသွယ်ယူမှု၊ရေကန်ဘောင်အား မြေထိန်းနံရံ ရေတားတမံ တည်ဆောက်ပေးမှုများ ဆောင်ရွက်ပေးခြင်း၊ ရေစက်ရုံနှင့် ရေစင်များ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းကျပ်သန်း (၆၇၂.၃၁၉)သုံးစွဲထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။ အလားတူပင်၂၀၁၉ခုနှစ်၊ နွေရာသီကာလအတွင်းအပူချိန်မြင့်မားမှုကြောင့် … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်၊ ရေပူကျေးရွာရှိပြည်သူများ သောက်သုံးရေပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၂၀) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၅၀၀) ဦးခန့်တို့အတွက် သောက်သုံးရေ (၅၀၀၀) ဂါလံအား (၂၃-၄-၂၀၁၉) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #krn_apr2019 Source: မြဝတီခရိုင်ဦးစီးမှူး ( ဘစမ)
-
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက်ပျက်စီးမှု အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှု များ ဆောင်ရွက်လျက်ရှိ
၁။ ၂၀၁၉ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်း ခြင်းများဖြစ်ပွားခဲ့ရာ ကျောက်တံခါးမြို့နယ်တွင် နေအိမ်(၂၂)လုံးပြိုကျခဲ့ပြီး နေအိမ်(၂၂၀)လုံးခန့်နှင့် ဘာသာရေး အဆောက် အဦ(၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ၂၀၁၉ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့တွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပွားခဲ့ရာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနှင့် လယ်ဝေး မြို့နယ် တို့တွင် နေအိမ်(၂၃)လုံးပြိုကျခဲ့ပြီး နေအိမ်(၂၇၀)လုံးခန့်နှင့် ဘာသာရေး အဆောက်အဦ (၃)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါလေဘေးကြောင့် နေအိမ် ထိခိုက်ပျက်စီးခဲ့ သည့် … Read more
-
ကွမ်းခြံကုန်းမြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့၌ ပြည်သူများ သဘာဝဘေးနှင့်ပတ်သက်သော ရှောင်ရန်/ဆောင်ရန်များအား သိရှိနိုင်ရန်အတွက် ကွမ်းခြံကုန်း မြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး မုန်တိုင်းဘေး အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # ygn_apr2019
-
ဓာတ်ဆား၊ အနာကျက်ဆေးနှင့် ဒဏ်ကြေလိမ်းဆေး အလှူပစ္စည်းများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် မအူပင်မြို့နယ်အတွင်းရှိ မအူပင်မြို့နယ် ဘိုးဘွားရိပ်သာ၊ မေတ္တာရှင်အမျိုးသမီးမိဘမဲ့ဂေဟာနှင့် ဓမ္မမနောရမ ဝိပဿနာရိပ်သာတို့တွင် ဓာတ်ဆား၊ အနာကျက်ဆေးနှင့် ဒဏ်ကြေလိမ်းဆေး အလှူပစ္စည်းများအား (၂၃-၄-၂၀၁၉) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#otr #ayy-apr2019Source: မအူပင်ခရိုင်ဦးစီးမှူး (ဘစမ)
-
အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့၌ ကော့မှူးမြို့နယ်၊ မြို့ဝင်ဆိုင်းဘုတ်အနီး မီးဘေး အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # ygn_apr2019
-
ပခုက္ကူခရိုင် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် ခင်ရှည်ကျေးရွာအုပ်စု ၊ ခင်ရှည်(တ)စုကျေးရွာတွင် (၂၂-၄-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မူကြောင့် အမိုးလန် အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးတို့ လေဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ် ၊ဆန်ရိက္ခာဖိုး (၆,၃၀၀) ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀) ကျပ်တို့ကို လည်းကောင်း၊ အမိုးလန်အိမ်ခြေ (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၂၃-၄-၂၀၁၉) ရက်နေ့ တွင် ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more









