၁။ ၂၀၁၉ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်း ခြင်းများဖြစ်ပွားခဲ့ရာ ကျောက်တံခါးမြို့နယ်တွင် နေအိမ်(၂၂)လုံးပြိုကျခဲ့ပြီး နေအိမ်(၂၂၀)လုံးခန့်နှင့် ဘာသာရေး အဆောက် အဦ(၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ၂၀၁၉ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့တွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပွားခဲ့ရာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနှင့် လယ်ဝေး မြို့နယ် တို့တွင် နေအိမ်(၂၃)လုံးပြိုကျခဲ့ပြီး နေအိမ်(၂၇၀)လုံးခန့်နှင့် ဘာသာရေး အဆောက်အဦ (၃)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါလေဘေးကြောင့် နေအိမ် ထိခိုက်ပျက်စီးခဲ့ သည့် ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူးရုံး များနှင့် ခရိုင်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အမြန်ဆုံးထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
၂။ ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလမတ်လနှင့်ဧပြီလများအတွင်း နေ့အပူချိန် များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းလည်း သိရှိရပါသည်။
#ha_sgw
#apr2019
Source: ကဆရ