
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် ခင်ရှည်ကျေးရွာအုပ်စု ၊ ခင်ရှည်(တ)စုကျေးရွာတွင် (၂၂-၄-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မူကြောင့် အမိုးလန် အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးတို့ လေဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ် ၊ဆန်ရိက္ခာဖိုး (၆,၃၀၀) ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀) ကျပ်တို့ကို လည်းကောင်း၊ အမိုးလန်အိမ်ခြေ (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၂၃-၄-၂၀၁၉) ရက်နေ့ တွင် ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_apr2019
Source:ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)