Category Archives: News
-
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၇/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ —————————– (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် မိုင်(၂၃၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း … Read more
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်
နေပြည်တော်၊ ဧပြီ ၃၀ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ဒုတိယဥက္ကဌ(၁)၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGOနှင့် CSOများ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOများပါဝင်ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရန် UEHRD ကော်မတီကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ကစတင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌ အဖြစ် ဦးဆောင်ဖွဲ့စည်းခဲ့ ပါကြောင်း၊ UEHRD … Read more
-
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၆/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =================================================== အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ ———————————————— (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့မြောက်ဘက် မိုင် (၂၃၀)ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam)၏ အရှေ့တောင်ဘက် (၂၃၅)မိုင်ခန့်၊ ဗီဇာကာပတ္တနမ်မြို့ (Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ရုံးမှာတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် (၂၉-၄-၂၀၁၉) နေ့၌ ကမ်းပြိုဘေးကြောင့်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲသော အိမ်ခြေ (၉) လုံး၊ ၎င်းအိမ်ထောင်စ ု(၉) စုရှိ လူဦးရေ (၅၇) ဦးတို့ အတွက်(၁၈၅၁၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး၊ (၉) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀-/)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၁၉၇၀၀-/)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၀၁၉၇၀၀-/) ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ (၉) ချပ်ကိုလည်းကောင်း (၃၀-၄- ၂၀၁၉) … Read more
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသုများသည် (၂၉-၄-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ မြို့နယ်/ကျေးရွာရှယ်လ်တာကော်မတီအဖွဲ့ဝင်များ၊ ခါးပြတ်၊ ကျုံကန်၊ ထောင့်ကြီးတန်း၊ ခေတ်တာကျွန်းကျေးရွာရှိ ရှယ်လ်တာ(၄)လုံးကိုတင်ဒါအောင်မြင်၍ တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီတာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင်ကျင်းပခဲ့ရာ ရှယ်လ်တာအဆောက်အဦများတည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်းစံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ စကားလွန်းကျေးရွာရှိ အိမ်ထောင်စု (၁၄၂)စုမှ လူဦးရေ (၅၆၇)ဦးမှာ သောက်ရေရှားပါးမှုဖြစ်ပေါ်နေခြင်းအတွက် သောက်ရေသန့် (၂၀)လီတာဝင်ဘူး (၂၁၀)ကို (၂၉-၄-၂၀၁၉)ရက်နေ့က သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၂/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================== အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ”(FANI)သည် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အိန္ဒိယ နိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့တောင်ဘက် (၃၄၅)မိုင်ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၃၇၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့ (Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် မိုင်(၃၆၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ … Read more
-
ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၀-၄-၂၀၁၉)ရက်နေ့ (၀၈း၀၀)နာရီမှ (၁၃း၀၀)နာရီအချိန်ထိ ဇေယျာသီရိမြို့နယ်၊ရေဆင်းကျေးရွာအုပ်စု၊ကန်သာအေးကျေးရွာတွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ(၃၅၀)၊ လူဦးရေ(၁၃၀၀)ဦးအတွက် သောက်သုံးရေဂါလံ(၆၀၀)တို့အား သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #npw_apr2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၉)ရက်နေ့၌ ဇီးကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ကျွန်းတော(၅)လမ်းတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့်အမိုးလန်နေအိမ်(၂)လုံး၊အိမ်ထောင်စု(၂)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ဝ/-)ကျပ်ကို သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၃၀-၄-၂၀၁၉)ရက်နေ့(၁၀း၃၀)နာရီ အချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # bgo _apr2019
-
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၁/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ===================== အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ဖန်နီ”(FANI)သည် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အား အလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ”(FANI) အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့ မြောက်ဘက် (၃၄၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့ … Read more









