ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ရုံးမှာတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် (၂၉-၄-၂၀၁၉) နေ့၌ ကမ်းပြိုဘေးကြောင့်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲသော အိမ်ခြေ (၉) လုံး၊ ၎င်းအိမ်ထောင်စ ု(၉) စုရှိ လူဦးရေ (၅၇) ဦးတို့ အတွက်(၁၈၅၁၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး၊ (၉) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀-/)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၁၉၇၀၀-/)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၀၁၉၇၀၀-/) ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ (၉) ချပ်ကိုလည်းကောင်း (၃၀-၄- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှတာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_rbe
#ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူး

Sign Up

Upcoming Events