လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသုများသည် (၂၉-၄-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ မြို့နယ်/ကျေးရွာရှယ်လ်တာကော်မတီအဖွဲ့ဝင်များ၊ ခါးပြတ်၊ ကျုံကန်၊ ထောင့်ကြီးတန်း၊ ခေတ်တာကျွန်းကျေးရွာရှိ ရှယ်လ်တာ(၄)လုံးကိုတင်ဒါအောင်မြင်၍ တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီတာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင်ကျင်းပခဲ့ရာ ရှယ်လ်တာအဆောက်အဦများတည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်းစံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။