Category Archives: News
-
DAN Mobile Application နှင့် ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာအုပ်စု၊ နောက်ပြန်တိုးကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင် ရာအိမ်မှူးများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ရာအိမ်မှူးများအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများတွင် ထည့်သွင်းပေးခဲ့ရာလူဦးရေ (၁၀၀) ဦးခန့် စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာ၀ဘေး အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့ နေ့လည်(၁၄၀၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဆရာတော်ကြီးဘုန်းတော်ကြီးကျောင်း၌ ပြည်သူလူထု (၁၀၀)ဦးခန့်အား သဘာ၀ဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်းနှင့် DAN Mobile Application အသုံးပြုပုံတို့အား ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။
-
DAN Mobile Application နှင့် ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၅.၆.၂၀၁၉) ရက်နေ့တွင် ပဲခူးမြို့ပေါ်ရှိ ဖုန်းဆိုင်များ၊ စတိုးဆိုင်များ၊ IT နှင့်ဆက်စပ်ပစ္စည်းဆိုင်များ၊ ကွန်ပျူတာ ဆိုင်များ၊ ကွန်ပျူတာသင်တန်းများ၊ ကွမ်းယာဆိုင်များ၊ ဈေးဆိုင်များသို့ သွားရောက်၍ DAN Mobile Application နှင့် ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးခြင်း၊ ကြော်ငြာစတစ်ကာများကပ်ပေးခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တမူးခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေး အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီမှ (၁၅၃၀)နာရီအချိန်ထိ စစ်ကိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၅)၊ အ-ထ-က(ခွဲ)ကျောင်၌ ကျောင်းသား/သူ (၃၀၀)ဦးခန့်အား ငလျင်ဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းနှင့် တက်ရောက်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဇွန် ၂၅၊ နေပြည်တော် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ (၁/ ၂၀၁၉)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေရပ်စွန့်ခွာ သူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်လည် နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀) ဦးအား သဘာဝဘေးလျော့ပါးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်နှင့် ပတ်သက် သည့် ဆောင်ရန်/ ရှောင်ရန်အချက်များဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေးတို့ ဖားကန့်ဒေသ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်
ဇွန် ၂၅၊နေပြည်တော် ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေးတို့သည့် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်ရေမဆေးကျောက်ရှာဖွေသူများနှင့် ယမန်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖေါ်ဆောင်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် မူဝါဒ၊ အမိန့်ကြေငြာစာညွှန်ကြားချက်များထုတ်ပြန်ပြီးဥပဒေနှင့်အညီဆောင်ရွက်မှုများကိုပူးပေါင်းပါဝင်ပေးကြရန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားပြီး အစီအမံများရေးဆွဲလျက်ရှိပါကြောင်း၊ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး မူးယစ်သံသရာမှ လွတ်မြောက်ရန်ကြိုးပမ်းပေးရန်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနေချိန်တွင် … Read more
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အလက(ခွဲ၁၃)၌ ကျောင်းသား/သူ (၁၅၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းနှင့် တက်ရောက်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ/အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာတန်ဖိုးငွေ (၃၉,၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၄၀၀,၀၀၀)ကျပ်၊ စုစုပေါင်း(၄၃၉,၉၀၀)ကျပ်အား ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၅-၆-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဒေါက်တာခက်အောင်ဦးဆောင်မှုဖြင့် ဦးနေဝင်း၊ လူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ( ၂၅- ၆ -၂၀၁၉) ရက်နေ့ နံနက်(၀၉၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ပလနငွေပျော်စံပြကျေးရွာသို့ပြောင်းရွှေ့သည့် စစ်ဘေးရှောင် (IDPs) မိသားစုများအား ပြန်လည်နေရာချထားရေး ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာမူကြိုကျောင်း၌ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့၍ ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ပြီးနောက် ပြောင်းရွှေ့အိမ်ထောင်စု (၂၇)စု၊ လူဦးရေ (၁၁၉)ဦးတို့အတွက် ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)မှ တန်ဖိုးငွေကျပ်( ၁,၃၃၉,၄၃၁)ရှိ ဆန်ရိက္ခာ(၁)ပတ်စာနှင့် … Read more









