လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီမှ (၁၅၃၀)နာရီအချိန်ထိ စစ်ကိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၅)၊ အ-ထ-က(ခွဲ)ကျောင်၌ ကျောင်းသား/သူ (၃၀၀)ဦးခန့်အား ငလျင်ဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းနှင့် တက်ရောက်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။