လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဒေါက်တာခက်အောင်ဦးဆောင်မှုဖြင့် ဦးနေဝင်း၊ လူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ( ၂၅- ၆ -၂၀၁၉) ရက်နေ့ နံနက်(၀၉၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ပလနငွေပျော်စံပြကျေးရွာသို့ပြောင်းရွှေ့သည့် စစ်ဘေးရှောင် (IDPs) မိသားစုများအား ပြန်လည်နေရာချထားရေး ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာမူကြိုကျောင်း၌ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့၍ ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ပြီးနောက် ပြောင်းရွှေ့အိမ်ထောင်စု (၂၇)စု၊ လူဦးရေ (၁၁၉)ဦးတို့အတွက် ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)မှ တန်ဖိုးငွေကျပ်( ၁,၃၃၉,၄၃၁)ရှိ ဆန်ရိက္ခာ(၁)ပတ်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂၇ )အိမ်ထောင်စုစာအားလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ(၂,၁၀၀,၀၀၀)ကျပ်တန်ဖိုးရှိ Torpolin, Dignitykit, Hygienceparcelအား လည်းကောင်း၊ ပညာရေးဦးစီးဌာနမှ ကျောပိုးအိတ်(၂၄)အိတ်, စာအုပ်(၂၁)ဒါဇင်, ဘောပင်(၆၀)ချောင်းတို့အားလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ အိမ်သာနှင့် ဆက်စပ်ပစ္စည်း(၃၀)စုံ၊ ခြင်ထောင်ဆေးစိမ်(၁၀၀)လုံး၊ ဆေးသေတ္တာ(၂)ဖာတို့အားလည်းကောင်းအသီးသီးထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။