Category Archives: News
-
ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် (DAN) Mobile Application ဖြန့်ဝေခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉) ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂း၀၀)နာရီထိ မွန်ပြည်နယ် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာ ၊ ဘုန်းကြီးကျောင်းတွင် ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း ၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့်တို့အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုအင်အား စုစုပေါင်း(၁၀၀)ဦး ခန့်တက်ရောက်ခဲ့ပြီး၊ အဆိုပါကျေးရွာ အတွင်း (DAN) Mobile Application ဖြန့်ဝေခြင်းနှင့် စတစ်ကာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်… #ar #mon_jun2019 Source: … Read more
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန် အ.ထ.က၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန် ဆောင်ရွက် ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူး (ဘစမ)
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ DAN Mobile Application အသုံးပြုပုံအကြောင်း ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉) ရက်နေ့တွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် CSO များ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) ဦးအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များ ကိုရှင်းလင်းပြောကြားခဲ့ပြီး နောက် တယ်လီဖုန်းများတွင် DAN Mobile Application များထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦိးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့တွင် အ.ထ.က(ကြာအင်းဆိပ်ကြီး)ပညာတန်ဆောင်ခန်းမ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမ ကျောင်းသား/သူ အင်အား (၂၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သော သိကောင်းစရာများ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက် များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် ဗလာစာအုပ်များကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့အလကဒုံမေခိုး၌ ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးအား သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application နှင့်ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော Community Centre (လူထုအခြေပြုဗဟိုဌာန)၌ ကျင်းပသော လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ သို့ တက်ရောက်လာသူ (၅၅) ဦးအား DAN Mobile Application သုံးစွဲပုံ နည်းစနစ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Application ထည့်သွင်းပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကဝမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မုဒုကျေးရွာတွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၂)လုံးနှင့် အမိုးလန်နေအိမ် (၃)လုံးတို့အတွက်ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၂၄၄,၁၀၀)ကျပ်အား (၂၆-၆-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application နှင့်ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်မြို့နယ်အတွင်း လူစည်ကားရာ ဈေးဆိုင်များ၌ သဘာဝဘေးကြိုတင်သတိပေး DAN Mobile Application သုံးစွဲပုံ နည်းစနစ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Application ထည့်သွင်း ပေးခြင်း၊ ကြော်ငြာစာစောင်များကိုလူစည်ကားရာနေရာများ၌ ကပ်ပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဟသာၤတခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး မိုဘိုင်း Application (ဒါန်မြန်မာ) ဖြန့်ချိခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ရုံးဝန်ထမ်းများ၊ mobile phone ဆိုင်များ၊ ကားဂိတ်များနှင့် ဈေးများတွင် DAN Mobile Application သုံးစွဲပုံ နည်းစနစ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Application ထည့်သွင်းပေးခြင်း၊ ကြော်ငြာစာစောင်များကိုလူစည်ကားရာနေရာများ၌ ကပ်ပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
DAN Mobile Application နှင့် ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရယ်ဆိုင်ရာကြိုတင် သတိပေးစနစ် DAN Mobile Application ကို ညောင်ဦးမြို့နှင့် တောင်ဇင်းကျေးရွာအုပ်စုရှိ Pact Global Microfinancing Fund -PGMF အဖွဲ့အစည်းမှ ဝန်ထမ်းများအား ရှင်းလင်းမိတ်ဆက်ပေးပြီး ၎င်းတို့အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများထဲသို့ ထည့်သွင်းပေးခြင်း၊ အဆိုပါ DAN Mobile Application နှင့် ပတ်သက်၍ အကြံပြုချက်ဆိုင်ရာ ဆန်းစစ်ချက်များကို ကောက်ယူခြင်း၊ ၎င်းတို့မှတဆင့် ကျေးလက်နေ ပြည်သူများထံ … Read more









